Part 42

310 74 29
                                    

Unicode

အဲ့နေ့က ...။ ဝမ်ကသိပ်ကြည့်ကောင်းနေခဲ့ပါတယ်။ လူငယ်တစ်ဦးလိုမဟုတ်တော့ပဲ လူကြီးဘက်ရောက်လာတဲ့မျက်နှာအမူအရာနဲ့ဝမ်က သိပ်ကိုကြည့်ကောင်းနေခဲ့တယ် ။ စွေ့ဟွမ်လိုရေခဲရိုက်မျက်နှာမျိုးလည်းမဟုတ်ဘူး။ ဟန့်လို မာကျွတ်ကျွတ်နဲ့တောက်ဆက်ဆက်အမူအရာမျိုးလည်းမဟုတ်ဘူး။ ဒေ့ဗစ်လို‌ပြောင်ဆက်ဆက်မျက်နှာထားမျိုးဆိုပိုလို့တောင်ဝေးပါသေးတယ်။ ကျွန်တော့်ကိုတွေ့လိုက်တဲ့ ဝမ့်ရဲ့အေးစက်စက်မျက်ဝန်းတွေထဲ 'ဪ ... သူပါလား' ဆိုတဲ့အမူအရာတချို့ကိုပဲ ရိပ်ခနဲမြင်လိုက်ရတယ်။ ဒီထက်မပိုဘူး။ ပြီးတော့ ဝမ်က သူ့အနားရောက်လာတဲ့ မိန်းကလေးဆီကိုအကြည့်တွေလွှဲသွားခဲ့ပါတယ်။ ဝမ်က ပျော်ရွှင်နေပုံလည်းမရသလို စိတ်ညစ်နေတဲ့ပုံလည်းမ‌ပေါ်ပါဘူး။ ကျွန်တော်ကတော့ တခါလေးတောင်မလုပ်ဖူးတဲ့အတန်းလစ်ခြင်းကိုလုပ်နိုင်ခဲ့တဲ့အတွက် အတော်လေးကိုပျော်ရွှင်နေခဲ့ပါတယ်။ ပြီးတော့ လူတွေမြောက်မြားစွာပါတဲ့ ဝမ်တို့အုပ်စုကိုမြင်တော့ ကျွန်တော်ချက်ချင်းမျက်နှာပျက်မိခဲ့တာတော့ မလိမ်တော့ပါဘူး။ ဒါကို ဝမ်လည်းသိလိုက်မှာပဲ။ သိပ်ကိုဟန်ဆောင်ကောင်းပါတယ်ဆိုတဲ့ကျွန်တော်က ထိုမျက်နှာပျက်ယွင်းသွားမှုကိုတော့ ပေါ်လွင်စေလိုက်ပါတယ်။ ဘာအမှားမှမလုပ်ထားခဲ့ပေမဲ့ ... ကျွန်တော် ... ထိုလူတွေနဲ့မတွေ့ဆုံချင်တော့ဘူး။

တိုက်နျန်းနျန်းတို့နဲ့ကျွန်တော်ထိုင်နေစဉ်မှာပဲ ကျွန်တော်ရင်းနှီးပြီးသားဖြစ်တဲ့ ဝမ်အပါအဝင် ဟန်၊ စွေ့ဟွမ်၊ ဒေ့ဗစ်၊ ရုန်အင်း၊ ချူးရန်းတို့က ကျွန်တော်တို့ ရှေ့ကဖြတ်လျှောက်သွားကြပါတယ်။ သူတို့အပြင် နောက်ထပ် ကျွန်တော်မသိတဲ့လူတွေရော ထိုအုပ်စုထဲမှာရှိပါတယ်။ ဒီကျောင်းတတ်ရက်တခဏအတွင်းမှာ ကျွန်တော်ကသာ သူငယ်ချင်းနှစ်ယောက်ပဲရှာနိုင်ခဲ့တာ။ ဝမ်တို့က ‌များပြားလှတဲ့အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်နေခဲ့ကြတာလည်း တတ်ညီလက်ညီပါပဲ။ သူတို့ကျွန်တော့်ကို မြင်ပြီးဖြစ်လောက်ပေမဲ့ မမြင်သွားပါစေနဲ့လို့သာ ကြိတ်ဆုတောင်းမိပါတယ်။ ရင်းနှီးခဲ့ကြတယ်ဆိုပေမဲ့ ထိုသူတွေကိုမတွေ့ချင်တော့ဘူး။ ဘာရယ်ကြောင့်မှမဟုတ်ဘဲ ဒီအတိုင်းမတွေ့ချင်မဆုံချင်ရုံသက်သက်ပဲ။ ထိုလူတွေနဲ့ ကျွန်တော်မပျော်ခဲ့ရလို့လည်းပါမယ်ထင်တယ်။ ရှန်ဟိုင်းတစ်မြို့လုံးမှာ ရုပ်ရှင်ရုံက ဒီတစ်ရုံတည်းရှိတာလားဆိုတာကိုလည်း  ကျွန်တော်မပြောတတ်တော့ဘူး။

In the end ... ? (YiZhan)Where stories live. Discover now