Part 41

397 64 30
                                    

Unicode

မိသားစုကိုမတိုင်ပင်ပါဘဲ ကိုယ့်သဘောနဲ့ကိုယ်ကျောင်းလျှောက်ခဲ့တဲ့ရလဒ်က ကျောင်း လျှောက်လွှာတွေပြန်ကျတဲ့နေ့မှာ ပေါ်ပါတယ်။

မြို့နယ်စာတိုက်မှ စာပို့သမားတစ်ဦးက ကျွန်တော့်နာမည်ပါတဲ့စာတစ်စောင်ကို အိမ်ကိုလာပို့ခဲ့ပါတယ်။ စာလက်ခံယူပေးသူက ကျွန်တော့်မေမေဖြစ်ခဲ့တယ်။ သူမက လက်ခံရရှိကြောင်းလက်မှတ်ထိုးပေးပြီးတဲ့နောက်မှာ စာပို့သမားက အိမ်ဆိုင်ထဲမှပြန်ထွက်ခွာပါတယ်။ ထိုအခါမှ ကျွန်တော့်မေမေက စာအိတ်ကိုဖွင့်ဖောက်ခါ ဖတ်ပါတယ်။

သူမက စာကိုဖွင့်ဖတ်အပြီး မယုံကြည်နိုင်ဖြစ်ခါ ထိုစာကိုအထပ်ထပ်အခါခါပြန်လည်ဖတ်ရှုပါဘူး။ သူမယုံကြည်သွားတဲ့အခါမှ ကျွန်တော်ရှိနေရာ စားဖိုခန်းထဲသို့ခပ်မြန်မြန်ဝင်လာခဲ့တယ်။

"မားမား ... ဘာဖြစ်လို့လဲ" စားဖိုခန်းတံခါးကိုဆွဲဖွင့်လာခဲ့တဲ့ကျွန်တော့်မေမေကို ကျွန်တော်ထိုသို့မေးလိုက်မိပါတယ်။ မေးပြီးမှ သူမလက်ထဲကစာကို ကျွန်တော်မြင်ပါတယ်။

"ဒါဘယ်လိုဖြစ်တာလဲရှောင်းကျန့်!!" သူမရဲ့မျက်နှာက အရမ်းကို နီမြန်းနေခဲ့ပါတယ်။ သူမက သူမလက်ထဲကစာရွက်ကိုကြေမွသွားစေတဲ့အထိ ဆုတ်ကိုင်ထားတယ်။ စာရွက်ထောင့်မှ ခပ်ဝိုင်းဝိုင်းကျောင်းတံဆိပ်ကို ကျွန်တော်မြင်တဲ့အခါ သူမဒေါသတွေ‌ပြေတဲ့အထိ အဆူခံဖို့ကို ကျွန်တော်အသင့်ရှိနေခဲ့ပြီ။ မဟုတ်ဘူး။ ကျောင်းလျှောက်လွှာတင်တဲ့နေ့တည်းက အဆူခံဖို့အသင့်ဖြစ်နေခဲ့တာဆို ပိုမှန်တယ်။

"ဒါ ဘယ်လိုဖြစ်တာလဲလို့ ငါမေးနေတယ်လေ" သူမက အံကိုတင်းတင်းကြိတ်ထားခဲ့ပြီး ထပ်မေးပြန်ပါတယ်။

ကျွန်တော့်မှာအဖြေရှိတယ်။ ဖြေလည်းဖြေချင်ခဲ့တယ်။ သို့ပေမဲ့ "ပေကျင်းတက္ကသိုလ်ဝင်ခွင့်ရရင်တောင် မားမားရအောင်ထားမှာ"ဆိုပြီးပြောခဲ့တဲ့ ကျွန်တော့်မေမေရဲ့စကားကိုပြန်ကြားယောင်တဲ့အခါ ကျွန်တော်ရဲ့အဖြေက ထွက်မလာတော့ပါဘူး။

ဘာစကားမှမတုန့်ပြန်တော့တဲ့ ကျွန်တော့်ကို ကျွန်တော့်မေမေက မေးမေးပြီးရိုက်ပါတယ်။ ကျွန်တော့်ရဲ့ခန္ဒာကိုယ်နာသလို သူမရဲ့လက်ဖဝါးလည်းနာကျင်ခဲ့မှာပဲ။ ကျွန်တော့်ဖေဖေက "ကလေးကို အဲ့လောက်မရိုက်ပါနဲ့" လို့ဝင်တားမြစ်တဲ့အခါ သူမစကားကိုနားမထောင်တဲ့ကျွန်တော်က သူမခင်ပွန်းနဲ့သိပ်တူတယ်လို့ဆိုကာ ကျွန်တော့်ဖေဖေကိုပါ ဆူပါတယ်။
"ရှင့်အမှုတွေကြောင့်ပိုက်ဆံတွေကုန်လို့ ကလေးကဒီလိုလုပ်တာနေမှာပေါ့"

In the end ... ? (YiZhan)Where stories live. Discover now