Part 45

277 64 9
                                    

Unicode

ကျောင်းဆင်းချိန်ကို ရောက်ခါနီးတဲ့အချိန်အထိ အမူးမပြေသေးတဲ့ တိုက်နျန်းနျန်းကို အချဉ်မျိုးစုံကျွေးရပါတယ်။ ဟူကျစ်ရှယူလာတဲ့ အချဉ်တင်မက အိမ်ပြန်လမ်းတစ်လျှောက်မှာရှိတဲ့မုန့်ဆိုင်တချို့ကို တွေ့တဲ့အခါတွင်လည်း ကားကိုရပ်ပြီး အချဉ်တချို့ကိုဝယ်ပေးရပါတယ်။ ဒီနည်းက သူမကိုအမူးပြေစေရဲ့လားမသိပေမဲ့ သူမရဲ့အစာအိမ်ထဲမှာတော့ အချဉ်တွေစုပုံနေခဲ့မှာသိပ်သေချာပါတယ်။

"ရှောင်းကျန့် … ငါဇီးသီးတုတ်ထိုးစားချင်တယ်"

"အင်း အင်း ဝယ်ပေးမယ်"

"ရှောင်းကျန့်! ငါဇီးသီးတုတ်ထိုးစားချင်တယ်လို့"

သူမက မူးနေတဲ့တစ်လျှောက်လုံး ထိုဇီးသီးတုတ်ထိုးကိုသာ တောင်းတနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ပပျောက်လုနီးနီးဖြစ်နေပြီဖြစ်တဲ့ ထိုသရေစာမုန့်ကို ကျွန်တော်ဘယ်နားကရှာဝယ်ပေးရမှာလဲ။

သူမက ဇီးသီးတုတ်ထိုးတောင်းတတယ်။ ကျွန်တော်က ရှိတဲ့ဇီးထုပ်ကိုပဲသူမကိုစားစေပါတယ်။ သို့ပေမဲ့ သူမက မူးနေတာလေ။ ရူးသွားတာမှမဟုတ်ဘဲ။ ကျွန်တော်အစားထိုးကျွေးတဲ့မုန့်ကို သိနေခဲ့တဲ့ သူမက "ဒါမဟုတ်ဘူး" လို့ဆိုပြီး လွင့်ပစ်ပါတယ်။

ကားမောင်းနေတဲ့ဝမ်က စိတ်ရှုပ်တယ်လို့မပြောပေမဲ့ ကျွန်တော်ကတော့အတော်လေးကိုစိတ်ရှုပ်နေပါတယ်။ လူနဲ့မတူတော့အောင် အချိန်တိုင်းထထအန်ပြီး ပြန်ပြန်အိပ်သွားတဲ့ဟူကျစ်ရှရယ်၊  ဇီးသီးတုတ်ထိုးကိုမှတောင်းတနေတဲ့တိုက်နျန်းနျန်းရယ်။ ထိုသူနှစ်ဦးကြားမှာ ကျွန်တော်အတော်လေးကို စိတ်ရှုပ်ရပါတယ်။ ဝမ့်ကားထဲမှ အန်ဖက်စော်တွေနံစော်နေသလို ထိုအန်ဖက်တွေကြောင့်လည်း ခြေချစရာမရှိပါဘူး။ တော်သေးတယ်။ ဟူကျစ်ရှပါရစ်မနေလို့။

တိုက်နျန်းနျန်းကားစောင့်နေကျမှတ်တိုင်ကိုရောက်တဲ့အခါ ဝမ့်ကို ကားရပ်ခိုင်းလိုက်ပြီးနောက် တိုက်နျန်းနျန်းကိုကျွန်တော်မေးလိုက်ပါတယ်။
"နျန်း … မင်းအိမ်ကဘယ်မှလဲ … ဘယ်လမ်းကဝင်ခိုင်းရမလဲ"

In the end ... ? (YiZhan)Where stories live. Discover now