အပိုင်း (23 )

Start from the beginning
                                    

အခု သူတို့က သေအတူ ရှင် အတူ ဖြစ်နေပြီလေ။ သူက တစ်ခြား ဘယ်သူထက် မဆို မြွေမကောင်းဆိုးဝါး ကို ပိုပြီး အသက်ရှည် စေ ချင်တဲ့ အပြင် နေထိုင်ဖို့ နှစ်ပေါင်း ၁၀၀၀၀ လောက်အထိ ကောင်းကောင်း မွန်မွန် နေသွား စေချင် လေတယ်။

ရွှီးဟယ် က တစ်ခြား အကြောင်း အရာတွေ ကိုလည်း ပြောပြ နေသေးတယ်။ ပြီးတော့ စုယွမ် က အရင်ဆုံး တုံ့ပြန် လိုက် ပြီးတော့မှ နောက်လာမယ့် ဟာတွေ အတွက် သူ့ဘာသာ သူ သရုပ်ဆောင် တော့ မှာ ပဲ ဖြစ်လေတယ်။

အဲ့အချိန်မှာပဲ စုယွမ် က မြွေဘုရင်ရဲ့ အိပ်ခန်း တံခါး အရှေ့ကို ရောက်လာ ခဲ့ပြီပဲ ဖြစ်တယ်။

တံခါးနားမှာ အနတ်ရောင် ဝတ်ထားတဲ့ အစောင့် တစ်အုပ်က တင်းကြပ်စွာ စောင့်ကြပ်နေကာ ထိုသူ တွေက လူသား ဆန်ပုံ မပေါက်တဲ့ အပြင် အသက်ကို ချက်ချင်း နှုတ်နိုင်တဲ့ ပုံပေါက်တာ ကြောင့် ရန်စ ဖို့ရာ ခက်ခဲတဲ့ သူတွေ မှန်း သိလိုက် ရလေတယ်။

'' အထဲကို ဝင်သွားတော့ ''

စုယွမ် က သူ့ဘာသာ သူတောင် မပြင်ဆင် ရသေးတဲ့ အချိန်မှာ ရွှီးဟယ်က လက်ကို ဆန့်ထုတ်ကာ အထဲကို တွန်းလိုက် တော့တယ်။

စုယွမ်က ပြုတ်ကျ တော့မလို နီးပါး ဖြစ်သွား ပြီးတော့မှ နောက်ဆုံးတော့ သူ့ဘာသာ သူပဲ တည်ငြိမ်အောင် ရပ်လိုက်နိုင်တယ်။ သူက အနောက်ကို လှည့်ကာ တံခါး ဆီကို ကြည့်လိုက်တဲ့ အခါ မှာတော့ တံခါး က ပိတ်သွား ပြီပဲ ဖြစ်လေတယ်။

ထိုနေရာကြီး က အတော်​လေး ကြောက်ဖို့ ကောင်းလောက်အောင် တိတ်ဆိတ် နေပြီးတော့ အပ်ကျ သံလေး က အစ ကြားနိုင်လောက် တဲ့ အထိ ဖြစ်လေတယ်။ ဒါတင် မက သေးပါဘူး အဲ့နေရာမှာ သွေးနံ့ခပ်ဖျော့ဖျော့ ပါ ပါနေတဲ့ အေးစက်တဲ့ အသံရှုသံ တစ်ခု ပါ ရှိနေ ခဲ့လေတယ်။

စုယွမ် က သေမတက် ကြောက်လန့် သွားလေတယ်။ ဒါပေမယ့် အစောက လာတဲ့ လမ်းမှာ ရွှီးဟယ် ပြောခဲ့တာ က မြွေမကောင်းဆိုးဝါး က သေလုနီးပါး အရိုက်ခံထား ရပြီးတော့ ဒဏ်ရာတွေ အများကြီး ရခဲ့တာ ကြောင့် လူပုံစံ တောင် မပြောင်းနိုင် တော့ဘူး ဆိုတာ ကို စုယွမ် ပြန်အမှတ် ရသွား လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now