အပိုင်း(၁၂)

Start from the beginning
                                    

"အင်း ကြိုက်တယ် "

"ကြိုက်ရင် နောက်တပတ်ကျ ညစျေးတန်းသွားလည်ရအောင်လေ နှင်းဆီခိုင် ဒံပေါက်သွားစားရအောင် "

"အွန်း"

"လမ်းလျှောက်နိုင်သေးလား ချစ်ငယ်"

"လျှောက်နိုင်ပါတယ် မဝေးဘူးမလား"

"နည်းနည်းတော့ လျှောက်ရမယ် အရှေ့ဘက်စျေးက  ငါတို့စျေးထက်၂ဆလောက်ကြီးတယ် "

"အဲ့တာဆို အရှေ့ပိုင်းလောက်ဘဲ ပတ်မယ်လေ အနောက်ထိတော့မပတ်တော့ဘူး"

"ဟုတ်ပြီ လုံးလုံးက ဆယ့်နှစ်ကြိုရမှာဆိုတော့ မှီပါတယ် ငါတို့ပတ်ရင်း လ္ဘက်ရည်ဆိုင်ဝင်နားမယ်လေ  အဲ့ဆိုင်နဲ့ ဒေါ်တာတာနဲ့နီးတယ်"

"အဲ့ကလေးက မင်းနဲ့အမျိုးတော်တာလား ဘာတော်တာလဲ"

"ငါ့အမေရဲ့နှစ်ဝမ်းကွဲညီမ လုံးလုံးက နောက်နှစ်ကျ   ၁တန်းတတ်ရမှာ"

"အမ် ကျောင်းဖွင့်ဖို့က ၂လကျော်ကျော်လောက်လိုသေးတယ်လေ"

"ဟုတ်တယ် ငါလည်းအဲ့တာပြောမလို့ ခုမှကလေးလေးရှိသေးတာကိုကွာ တီလေးတို့မိသားစုက သူ့သားကို ထူးထူးချွန်ချွန်ဖြစ်စေချင်တာ ကလေးမှာ မနားရဘူး စာမေးပွဲ ဖြေပြီး ဘယ်လောက်မှ မကြာဘူး အခု ကျူရှင်ပို့ထားလေရဲ့ "

"ဟာ"

မြန်မာနိုင်ငံက အချို့သောမိဘတွေကို ကျွန်တော်သဘောမကျသည့် အချက်မှာ ထိုအချက်ပင်။ကိုယ့်သားသမီးအပေါ် လောဘကြီးတာကနေ တစ်ကိုယ်​ကောင်းဆန်တဲ့ဘက် ရောက်သွားတတ်သည်။ခံရတဲ့သူက ကိုယ့်ကလေးသာ။ဆိုးကျိုးအနေနဲ့ ကလေးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ပျောက်ဆုံးသွားတာပင်။သူ့အရွယ်နဲ့သူ ကစားသင့်တဲ့အရွယ်မှာ စာချည်းသင်ခိုင်းလို့မဖြစ်။ပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံမှု၊ ရှိသင့်တဲ့ဗဟုသုတ၊ သင်ပြပြောပြပေးရမှာက မိဘတာဝန်သာ။ဒါကို လောဘကြီးစွာနဲ့ ကလေးဖြစ်သူကို စာဆိုတဲ့အံခွက်ထဲသာ ထည့်ထားရင် အဲ့သည်ကလေးအတွက်မလွယ်ချေ။ ကလေးတွေရဲ့စိတ်ကိုအနားပေးချိန်တန် အနားပေးရမည်။ကျွန်တော်တို့လို အရွယ်တောင်စာချည်းလုပ်ပါများရင် စိတ်ရှုတ်တတ်သည် မဟုတ်လား။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now