5🌸

143 7 1
                                    


(ကင်မ်ထယ်ယောင်း!!!ကင်မ်ထယ်ယောင်း!!! မင်းနိုးလာစမ်း မင်းကိုဘယ်သူကအခုလိုလုပ်နေဖို့ခွင့်ပြုထားလဲ..ဟမ်! ထစမ်းလို့!!!မင်းငါ့ခွင့်ပြုချက်မရပဲသေခွင့်တောင်မရှိဘူး အခုထ!!!!)

တီ..တီ..တီ...

မော်နီတာပေါ်က မျဥ်းလေးကလှိုင်းတွန့်လေးတွေအဖြစ်ပြန်ထလာမှ အော်ပရေးရှင်းအခန်းထဲကဆရာ၀န်တွေနဲ့သူနာပြုတို့သက်ပြင်းချမိသည်။ဒီကောင်လေးကိုလုံး၀မမှီနိုင်တော့ဘူးလို့ထင်ထားမိလို့ လက်လျော့လိုက်မယ်ကြံခါမှ နှလုံးပြန်ခုန်လာတဲ့ကောင်လေးကအရမ်းကိုထူးဆန်းနေတာမလား..

အခန်းရှေ့မှစောင့်နေတဲ့ဂျောင်ကုကအရမ်းကိုဖယိုဖယဲနဲ့ပင် အကျီမှာလဲသွေးအလူးလူးနဲ့ ဆံပင်တွေလဲရှုပ်ပွကာ ဖြစ်သမျှအရာအားလုံးကိုအလိုမကျဟန်

အော်ပရေးရှင်းခန်းထဲကဆရာ၀န်ထွက်လာမှအသဲသန်ခဲမှန်ပြေးမေးကြည့်ရသည်။

"ဒေါက်တာ လူနာအခြေအနေ.."

"အရမ်းအံ့ဩစရာဆိုပေမယ့် လူနာရှင်..အခုလူနာကစိတ်ချလို့ရပါပီ "

"ဟူးးးတော်ပါသေးရဲ့..ကျေးဇူးတင်ပါတယ်ဒေါက်တာ"

"ရပါတယ်ဗျာ..."

ဆရာ၀န်လဲပြုံးပြကာထွက်သွားပီနောက် သူနာပြုအချို့ကင်မ်ထယ်ယောင်းကိုကုတင်ပေါ်တင်တွန်းထွက်လာတာကိုတွေ့လိုက်ရသည်..ဆေးတွေကောသွေးတွေကောချိတ်ထားရတဲ့ကောင်လေးကစတွေ့တုန်းကလဲလားလားမျှမဆိုင် ငါလွန်နေပီလာကင်မ်ထယ်ယောင်း ဒါဖြင့်လဲမင်းဘာလို့ထွက်မပြေးရတာလဲ...

-----

"ကင်မ်ထယ်ယောင်း..မင်းဘာလို့ထမလာသေးတာလဲ ငါ့ကိုစိတ်ဆိုးလို့လား ဒါမဲ့ဘယ်လိုလုပ်မလဲကွ ငါကမချော့တက်ဘူး..ဒေါက်တာကတော့မင်းအခြေအနေကစိတ်ချရပီလို့ပြောတယ် ဒါမဲ့မင်းကအခုထိ ထမလာသေးဘူး ဘာလို့လဲ ဟမ်!!"

စိတ်ဆက်တဲ့ဂျောင်ကုကသူမကျေနပ်တာတွေကိုတဖွဖွပြောရင်းပင်ဒေါသထွက်ကာအော်မိသည်။

"ထလာတော့လို့ ငါစောက်လုပ်တွေရှုပ်နေပီ ကင်မ်ထယ်ယောင်း! အခုချက်ချင်းနိုးလာလိိုက်တော့!!!"

"~ Painful But Loving~"Where stories live. Discover now