အပိုင်း (22.1)

Comenzar desde el principio
                                    

'' ဆိုတော့ အလှည့်အပြောင်းကြီး က မြွေဘုရင် ယူခဲ့ တဲ့ လူဟာ စုမိသားစု ရဲ့ ပါရမီရှင်အမျိုး သမီး စုချင်းရှု မဟုတ်ပဲနဲ့ စုယွမ် ဆိုတဲ့ အမျိုးသား ကို ကိုယ်လုပ်တော် အဖြစ် ယူခဲ့ ရတာပေါ့လေ။ ဘယ်လိုတောင် အမှိုက်ကို ကောက်မိ ခဲ့တာ လဲ''

'' ပြောကြတာ တော့ စုယွမ် က မြွေဘုရင် ကို ကြိုက်သွား ပြီးတော့ သူ့ရဲ့ အဖေတူ အမေကွဲ အမ ဆီကနေ လုယူ ခဲ့တာတဲ့''

'' အဲ့ကောင် က တကယ့်ကို အမှိုက်ဖြစ်ပေမယ့် မြွေဘုရင်ကို တကယ်ကြီး ချိတ်နိုင် သွားပြီးတော့ သူ့ကို ဘယ်တော့မှ မမေ့နိုင်အောင်  လုပ်ထားတာ ပဲကွ ။ မြွေဘုရင် က နတ်ဘုရား တစ်ဝက်တောင်မှာ ဒဏ်ရာ အပြင်းအထန် ရခဲ့ပေမယ့် သူက စုယွမ်ကို သတိ ရနေဆဲ ပဲတဲ့ကွ။ ပြီးတော့ အဲ့တောင်ကိုလည်း မြွေဘုရင် က သူ့ကို ခေါ်သွား ပေးခဲ့တာ တဲ့။ မြွေဘုရင်လဲ ဒဏ်ရာ ရရော အဲ့ ကိုယ်လုပ်တော် ကောင်က သူ့ဘာသူ ထွက်ပြေး သွားတာတဲ့ဗျာ ''

'' ရေခဲငွေရောင် မြွေ ကလန် ကို ကြီးမြတ်တဲ့ ကာကွယ်သူ စီးထူယန် ကပဲ အခုတော့ စောင့်ရှောက် ပေးနေရတာလေ။ ​မြွေဘုရင် ကြီး ပြန်ပြီး အနည်းငယ် သက်သာ လာစေဖို့ အတွက် သူက စုယွမ် ကို ရှာဖို့ရာ အတွက် အသိပေးစာ ထုတ်ထား ရတယ်လေ။ ပြီးတော့ အဲ့စုယွမ် ကိုရှာတွေ့ရင် ဆုငွေလည်း ချီးမြှင့်မှာတဲ့ကွ ''

.......

စီးထူယန် က အဲ့လို လူစားမျိုး မဟုတ်ဘူး ဆိုတာ ကို စုယွမ် သိတယ်။ အဲ့ကောင် က ဟဲလျန်ချန်း ကိုတောင် စောစော သေစေချင်နေပြီးတော့ ဘဝကို ယူဖို့တောင် မစောင့်နိုင် ဖြစ်နေမှာ ကိုပဲ သူကြောက် မိလေတယ်။

ဖြစ်နိုင်တာ က အခုချိန်မှာ စီးထူယန် က ရွှီးဟယ်ရဲ့ လွှမ်းမိုးခြင်း ကို ခံလိုက် ရပြီးတော့ အမှန်တရား ဘက်တော်သား လမ်းစဥ်ကို လိုက်ချင် နေတာ များလား။

မြွေမကောင်းဆိုးဝါး က အခုလောက်ဆို အိမ်ထဲမှာ အကျယ်ချုပ်တောင် အဖမ်းခံ ထားရလောက်ပြီလေ။

သူက အဲ့မြွေကို သေချာပေါက် ကယ်တင် ရမယ်။ အဲ့လိုလုပ်တာ ကလည်း အဲ့မြွေမကောင်း ဆိုးဝါးအတွက် သူလုပ်တာ မဟုတ်ဘူး ။ သူ့ဘဝ ဆက်ပြီး အသက်ရှင်ဖို့ ရာ အတွက် ပဲ လုပ်တာ ဖြစ်လေတယ်။

သူ့ဆီမှာ သူအိမ်ပြန်လာဖို့ ကို စောင့်နေတဲ့ ကလေးလေး နှစ်ယောက် ရှိနေ သေးတယ်။

သူက ဘယ်လိုလုပ် ဒီလောက် လှပပြီး ချစ်စရာ ကောင်းတဲ့ သမီးလေး ရှောင်ယွဲ့ကို နာကျင်စေ ရက်မှာတဲ့လဲ။

ပြီးတော့ အဲ့မှာ ရုပ်ဆိုးပြီး တုံးအ လှတဲ့ ရှောင်ဟွေးလေး လည်း ရှိနေသေးတယ်။ သူသာ သူ့ကို စောင့်မကြည့် နေရင် အဲ့ကလေး က သူ့တစ်ဘဝ လုံး ဖရိုဖရဲနဲ့ ကြီးပျင်း လာမှာကို သူစိတ်ပူ မိလေတယ်။

အခုချိန်မှာတော့ သူဟာ မူလ က အစီအစဉ် ချထား သလိုမျိုး ထမင်းချက်တွေနဲ့ ပဲ ရောဝင် ရမလား တစ်ခုခု နဲ့ ဝင်ရမလား ဆိုတာ ကို တွေးပြီးတော့ အခုနောက်ထပ် တိုးလာတာ ကတော့ လူကိုယ်တိုင်ပဲ လူလုံး ထွက်ပြ ပြီးတော့ အထဲကို ဝင်လိုက် ရမလား ဆိုတဲ့ ရွေးချယ်မှု ကြားကို ရောက်နေ လေတယ်။

စုယွမ် က အခုချိန်ထိ ဆုံးဖြတ်ချက် မခိ ရသေးပါပေ။ ပြီးတော့ သူ့ရဲ့ ပတ်ဝန်းကျင် ဧရိယာ က ရုတ်တရက် ပဲ ဗလာ ဖြစ်သွားတာ ကို တွေ့ခဲ့ ရလေတယ်။

စုယွမ် က အံ့သြစွာနဲ့ ကြည့်လိုက်တဲ့ အခါမှာတော့ လူတိုင်း က သူနဲ့ တစ်မီတာ အကွာအဝေးမှာ ရပ်နေပြီးတော့ သူ့ကို ဝိုင်းရံကာ နွေးထွေးတဲ့ မီးတောက်လေး တစ်ခုလို ဝိုင်းကြည့် နေတာကို တွေ့လိုက်ရတယ်။

စုယွမ်: '' ...... ''

သူက ကြည့်လိုက်တဲ့ အခါ ဘယ်သူ ကမှ သူ့ရဲ့အရှေ့မှာ အသိပေးစာ ကို မပိတ်ထား တော့ပါပေ။ ပြီးတော့ အဲ့ဒီမှာ ကြီးမားတဲ့ ရေအိုင်ကြီးက မြင်ကွင်းကို ပြသ နေတာ ကိုတွေ့လိုက် ရတယ် ။ ပြီးတော့ အဲ့ပြသ နေတာက စုယွမ် တစ်ယောက် အမျိုးသား လို ဝတ်စား ထားတဲ့ ပုံပါပဲ။

စုယွမ် က ရေကြေးမုံထဲက လူကို ကြည့်လိုက် သူ့ကိုယ်သူ ကြည့်လိုက် လုပ်နေခဲ့တယ်။

ဟုတ်တယ်။

သူက အဝတ်အစား တွေကိုသာ အတော်လေး ကို နှိမ့်ချ ထားတာ ဖြစ်ပေမယ့် သူ့ရဲ့ ရုပ်သွင် ကိုတော့ လုံးဝ မပြောင်းခဲ့ ပါပေ။ အခုချိန်မှာတော့ ဒီနေရာမှာ အခုလို ရှာတွေ့သွား ခဲ့ရတာပေါ့လေ။

ကောင်းပြီ၊ ကောင်းပြီ။

အခုချိန်မှာတော့ ဒီနေရာမှာ သူရွေးချယ်စရာ မလိုတော့ဘူး ပေါ့။ သူ ဘာမှ ရုန်းကန် နေစရာ မလိုတော့ဘူး ပေါ့လေ။

သူက ထောင်ချောက်ထဲ ကျသွားခဲ့ပြီလို့။

........................

တင်းဂွေနေ့ က မတင်ပေး လိုက်ရလို့ပါ

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Donde viven las historias. Descúbrelo ahora