အပိုင်း (22.1)

Start from the beginning
                                    

သူ့အတွက်​တော့ ဒီလိုမျိုး နေရာကို လျှို့ဝှက်စွာ နဲ့ သွားလာ ပြီ ချောင်းကြည့် တိုက်ခိုက်ဖို့ ဆိုတာ က လုံးဝ ကို မဖြစ်နိုင် ပါပေ။ တကယ်လို့ တံခါး ကနေ ဝင်ခွင့် မရပဲ ဝင်ခဲ့ရင် သူ့ကို မကောင်းတဲ့ လူအဖြစ် ဖမ်းဆီး လိုက်မှာကို စုယွမ် ကြောက်နေမိလေတယ်။

နောက်တော့ တစ်ခြားအကြောင်း အရာတွေ ကိုပါ ရောပြီးတော့ သူတွေးလာခဲ့တယ်။ သူ သေချာ စဥ်းစား ပြီတဲ့နောက် သူက ကောင်းကောင်း ချက်ပြုတ် တက်တယ် ဒါမှမဟုတ် သူက အဲ့ထဲကို စာဖိုမှုး တစ်ယောက် အဖြစ်နဲ့ ရောပြီး ဝင်သွားလို့ ရနိုင် မလား ဆိုတဲ့ အကြံ ရလာတယ်။

စုယွမ် က မြို့ထဲမှာ ရှိတဲ့ ရွယ်ပင်းကလန် ရုံးခွဲ ရှိရာ ဆီကို သွားလိုက် ပြီးတော့ အထဲကို ဝင်နိုင်ဖို့ ရာ အတွက် အခွင့်အရေး လိုအပ်ချက်တွေ များ ရှိသလား ဆိုတာ ကို သွားကြည့် လိုက်လေတယ်။

သူလည်း အဲ့နေရာ ကို ရောက်တဲ့ အချိန်  နံရံမှာ  ကြော်ငြာစာ တစ်စောင် ကပ်ထားတာ ကို စုယွမ် တွေ့လိုက် ရတယ်။ ပြီးတော့ လူတွေ အများကြီး ကလည်း အဲ့နား​ကို စုရုံးပြီးတော့ ကြည့်နေ ကြလေတယ်။

စုယွမ် ကလည်း အရှေ့ကို တိုးပြီးတော့ ကြည့်ချင် ပေမယ့် သူ့ရှေ့ မှာလည်း လူတွေက အများကြီး တိုးကြိတ် နေကြလေတယ်။ သူ့ရဲ့ မြင်ကွင်း က အပိတ် ခံထား ရပြီးတော့ အဲ့စာ ကို သူ ကောင်းကောင်း မမြင် နိုင်ပါချေ။

လူအုပ်ကြားထဲ ဝင်တိုးဖို့ ကတော့ သူတကယ် ပဲ မလုပ် ရဲပါပေ။ သူ့အရှေ့မှာ ရပ်နေတဲ့ သူတွေကို သူ ကြည့်လိုက်တဲ့အခါ အဲ့ထဲက လူတွေက တစ်ချို့မှာ ခြင်္သေ့ ဦးခေါင်း ရှိကြပြီးတော့ တစ်ချို့က ကင်းမြှီးကောက် အမြီး ရှိတဲ့ မျိုးကွဲ မကောင်း ဆိုးဝါး တစ်ချို့ ပါ ပါနေ ခဲ့တယ်လေ။

စုယွမ် က ဘေးနားလေး မှာပဲ အသာလေး ရပ်စောင့် နေပြီးတော့ လူအုပ်ကြီး တက်ကြွစွာ ကြည့်ပြီး သွားမယ့် အချိန်ကို စောင့်နေခဲ့တယ်။ လူရှင်းမှပဲ သူက ဆက်ကြည့် တော့မှာ ဖြစ်လေတယ်။

သူက အဲ့တာကို မကြည့်နိုင်သေးပေမယ့် သူ့ရဲ့ နားကတော့ ကြားနေ ရဆဲ ပဲလေ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now