နေယံလင်းသည် နာမည်တစ်ခုရနေပြီဖြစ်သည့် designer
တစ်ယောက်ဖြစ်ကာ အတော်အတန်လူသိ၏။စံ့ကိုလည်း အတော်
ခင်တွယ်ရှာသည်။အမှန်တွင် သူတို့သည် သူငယ်ချင်းသုံးယောက်
ရှိသည့် အုပ်စုတစ်စုဖြစ်၏။လက်ရှိတွင်တော့ သူတို့နှစ်ယောက်
သာလျှင် လက်တွဲမဖြုတ်ဘဲ ခင်မင်ချစ်ခင်နေဆဲဖြစ်၏။ကျန်တစ်ယောက်သည် အကြောင်းတစ်ခုကြောင့် သူတို့နှင့် အလွန့်
အလွန်ကို ဝေးကွာသွားပြီဖြစ်သည်။
"ရောက်ပြီ စံ"
စံသည် နေယံလင်း၏အပြောကြောင့် ကားပေါ်မှဆင်းလိုက်ရင်း
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် တစ်စုံတစ်ရာပြောလိုက်
၏။
"ဒီနေရာကို ငါတစ်ခါမှမရောက်ဖူးသလိုပဲ။"
သူ့အပြောကြောင့် နေယံလင်းသည် တစ်ချက်မဲ့ပြကာ
"ဘယ်ရောက်ဖူးပါ့မလဲ။ဒီ bar က မနှစ်ကမှစဖွင့်တာလေ။
မနှစ်က မင်းမှဒီကိုပြန်မလာတာ။"
"ဪ..."
'ဪ'တစ်လုံးသာပြောပြီး စံသည် ပတ်ဝန်းကျင်အား ဆက်၍
အကဲခတ်နေမိလျှင်
"ဘာမှ မပူနဲ့။ဒီ bar က privacy အတွက်တော့ လုံးဝစိတ်ချရတယ်။ပြီးတော့ ဒီကို လူသန့်တွေပဲ အများဆုံးလာတာ။အာရုံနောက်စရာ မရှိသလောက်ပဲ။"
အပြည့်အစုံရှင်းပြပြီးနောက် နေယံလင်းသည် အထဲဝင်ဖို့ပြင်
တော့၏။
အမှန်စင်စစ် ဤ bar သည် စည်းကမ်းရှိသည့် bar တစ်ခု။သူညာပြောခြင်း မဟုတ်ပေ။ဤနေရာသို့ မူးယစ်ထုံထိုင်းစေတတ်သော ဆေးဝါးများကိုလည်း ယူဆောင်လာခွင့်မရှိသလို ယူဆောင်လာခဲ့လျှင်လည်း သက်ဆိုင်ရာဆီသို့ bar ပိုင်ရှင်ကိုယ်တိုင်က အပ်ပစ်လိုက်မည်ဖြစ်ကြောင်း တရားဝင် အသိပေးထား၏။ယနေ့အထိတော့ ဤနေရာတွင် မည်သို့သောပြဿနာမှ မဖြစ်ဖူးသေးပေ။
ထို့ပြင် ဤ bar သို့ လာရောက်ပျော်ပါးကြသည့် လူအများစုသည်လည်း သာမန်လူတွေမဟုတ်တာကြောင့် ကိုယ့် image
ပျက်ရလောက်သည်အထိတော့ မည်သူကမှ အပျက်သဘော
မဆန်ကြ။
စံသည် အထဲကိုရောက်တာနှင့် အပြင်အဆင်တွေကိုလည်း
ကြည့်ရှုလိုက်သေး၏။သူသည်လည်း ဤသို့သောနေရာများနှင့်
စိမ်းသက်နေသူတစ်ယောက်တော့ မဟုတ်ပေ။U.S တွင် နေထိုင်
စဉ်ကလည်း အပေါင်းအသင်းများနှင့် စိတ်ထွက်ပေါက်လိုအပ်
သည့်အချိန်တိုင်း သွားတတ်၏။သို့သော် သူသည် စရိုက်ကျလွန်းသော နေရာများဆိုလျှင်တော့ မသွားချင်။ထို့ကြောင့်ပင် နေယံလင်းကလည်း သူ့အကြောင်းကိုသိသူပီပီ အပြည့်အစုံရှင်းပြတာဖြစ်၏။
JE LEEST
Professional Actor [Completed]
Romantiek[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023]
Part-3 (Unicode)
Start bij het begin
![Professional Actor [Completed]](https://img.wattpad.com/cover/340040872-64-k337407.jpg)