မျက်နှာပေါ်တွင် တင်ထားသမျှအရာတွေ ပြောင်ရှင်းသွားတော့မှ
ဂုဏ်က ကျေနပ်သလိုဖြစ်သွားကာ အသင့်ရှိနေသည့် ရေသန့်ဘူး
ကိုလှမ်းယူပြီး သောက်သည်။သူ၏အနီးတွင်တော့ အသင့်ရှိနေရ
သူ သတိုး။
မျက်နှာတည်နေသည့် ဂုဏ်ကြောင့် အနီးအနားမှာရှိနေသည့်
လူတချို့က ထူးဆန်းသလိုဖြစ်နေသော်ငြား သတိုးကတော့
အကြောင်းသိသူမို့ ဘာမှမခံစားမိပေ။
'ဂုဏ်'၏ပုံစံက ခပ်တည်တည်နေတတ်တာမျိုးဖြစ်ပြီး စိတ်ထဲက
မပါလျှင် ဘာကိုမှ ဟန်ဆောင်၍မလုပ်တတ်သူမျိူးဖြစ်သည်။ဤအရာမှာ အောင်မြင်မှုကြောင့် ချေမိုးခြင်း၊ကြီးကျယ်ခြင်းတို့
မဟုတ်ဘဲ သူ၏ရိုးရှင်းသည့် ပုံစံသာဖြစ်ပါ၏။ထိုပုံစံကို သူ၏
ပရိသတ်များနှင့် အလုပ်တွဲလုပ်ဖူးသည့် အနုပညာအသိုင်းအဝိုင်းမှ သူတိုင်းကသိကြသည်။
ဂုဏ်သည် မိဘများက နောက်ခံတောင့်တင်းကာ ပြည့်စုံသော်
လည်း ဤလမ်းကိုလျှောက်ရန်အတွက် မိဘများ၏အရှိန်အဝါကိုမသုံးခဲ့ဘဲ ကိုယ့်အရည်အချင်းနှင့်သာ လမ်းဖောက်ပြီး လျှောက်လှမ်းနေတာဖြစ်သည်။ထို့ကြောင့်လည်း သူ့အား တိုက်ခိုက်လိုသူ
တို့အတွက်တော့ ပြစ်ချက်ရှာစရာ မရှိသလောက်ဖြစ်နေသည်မှာ မဆန်းပေ။
ဂုဏ်သည် ဤနေရာသို့ လွယ်လွယ်ရောက်လာခဲ့ခြင်းမဟုတ်
တာကြောင့် သူ၏ image ကိုလည်း အလွန်ထိန်းသိမ်းသူဖြစ်
သည်။အလုပ်တွဲလုပ်ခဲ့သည့် အမျိုးသမီးများ များစွာရှိခဲ့ဖူးသော်
လည်း မည်သူနှင့်မှ dating rumor မထွက်ဖူးပေ။ထိုသို့ဆို
လျှင် မီဒီယာများက "တွဲနေသူ ရှိသလား"ဟု မကြာခဏမေး မြန်းကြ၏။ထိုအခါတွင်တော့ ဂုဏ်က သူ၏မူပိုင်အတိုင်း
တည်တည်တံ့တံ့ဖြင့် "အချစ်ရေးအတွက် အချိန်မပေးနိုင်သေး လို့ပါ"ဟုသာ အဖြေပေးတတ်သည်။ထိုအခါ သူ၏ မိန်းက
လေးပရိသတ်တွေမှာတော့ ပို၍ ကျေနပ်သွားကြသေး၏။
"ဂုဏ် ပြန်လို့ရပြီတဲ့။လာ ပြန်ကြမယ်။"
သတိုးကပြောလိုက်လျှင် အနားယူနေသည့် ဂုဏ်ကလည်း
ချက်ချင်း မတ်တပ်ထရပ်ကာ ခပ်လှမ်းလှမ်းကနေ သူ့ကိုကြည့်နေသည့် ဇာနည့်ကိုနှုတ်ဆက်လိုက်သေးသည်။ပြီးမှ သတိုးနှင့်အတူ သူ၏ကွန်ဒိုသို့ ပြန်လာခဲ့ကြ၏။
YOU ARE READING
Professional Actor [Completed]
Romance[Own Characters & Own Creation] [BL Story] [Drama & Romance] [1.5.2023] ➡️ [1.12.2023]
Part-2 (Unicode)
Start from the beginning
![Professional Actor [Completed]](https://img.wattpad.com/cover/340040872-64-k337407.jpg)