အပိုင်း (17 .1)

Start from the beginning
                                    

ဖုန့်ဝူယိုး ရဲ့ မျက်နှာတွေက အလေးအနက် ဖြစ်နေပြီးတော့ လုံးဝကို နောင်ပြောင် ဟာသ လုပ်ဟန် တစ်စိုးတစ်စိတောင် မရှိခဲ့ ပါပေ။

စုယွမ် က ဆက်ပြီးတော့ စိတ် မငြိမ်နိုင် တော့ပါဘူး။

ကိုယ်ဝန် က ကတယ်ကြီး နောက်နေဟန် မပေါ်ဘူး ။

'' အဲ့တာ က တကယ် ကြီးလား? ''

သူက မြွေဘုရင် ရဲ့ ကိုင်တွယ်ခြင်း ကို ခံရ ပြီးတော့ ကိုယ်ဝန် ရှိသွားတာလား?

သူက ဘာကို ကိုယ်ဝန် ရှိနေ တာလဲ?

သူ့စိတ် ထဲမှာ အဲ့လိုတွေး မိတော့ စုယွမ် က ထုတ်ပြီးတော့ မေးလိုက်တယ်။

'' ဒါဆိုရင် ငါ  က ဘာကို ကိုယ်ဝန် ရှိနေတာလဲ?''

အဲ့တာ လေး က လူသား လေးလား ဒါမှမဟုတ် မြွေ တစ်ကောင် လား?

ဒါမှမဟုတ် မြွေ တစ်ဝက် လူတစ်ဝက်လား?

အဲ့လို လည်း တွေးမိ လိုက်ရော စုယွမ် က မထိန်းနိုင် တော့ပဲ အကြောက် တရားကြောင့် တုန်ရီ သွားလေ တယ်။

သူက အနာဂတ်မှာ သူမွေးထားတဲ့ သူ့ကလေး မြွေလေး ကို လက်ထဲမှာ ပိုက်ထားတာ ကို တွေးကြည့် မိရုံနဲ့တင် စုယွမ် တစ်ယောက် သေချင်စိတ် တွေ ပေါက်သွား လေတယ်။

ထိုမေးခွန်း လည်း ကြားရော ဖုန့်ဝူယိုး က မျက်မှောင် အသာလေး တွန့်သွား လေတယ်။

'' အခုချိန် မှာတော့ အဲ့တာက ဘာလေးလဲ ဆိုတာ ကို ငါ မမြင်နိုင် သေးဘူး။ ဒါပေမယ့် ငါတွေ့ တာ ကတော့ မင်းရဲ့ ဗိုက်ထဲမှာ ဥလေး နှစ်လုံး တွေ့တယ်။ သူတို့တွေ က အမွှာ တွေပဲ။ မွေးဖွားလာဖို့ အတွက် ကတော့ မသေချာ သေးဘူး ''

ဥ နှစ်လုံး!

ဘာပုံစံ လည်း ဆိုတာ မသေချာ သေးဘူး!

ထိုဟာ ကိုလည်း နားထောင်ပြီးတော့ စုယွမ် က ထပ်ပြီးတော့ မေ့လဲ သွားပြန်တယ်။

'' အကိုကြီး အားယန်! ''

သူ့ရဲ့ နောက်ဆုံး သတိ လစ်မသွား ခင် ရှီရှီ ရဲ့ စိုးရိမ် တကြီး အော်သံကိုသာ ကြားလိုက် ရတော့ တယ်။

၃ ရက် လည်းကြာရော စုယွမ် က ခြံဝင်းထဲရှိ သစ်ပင်ကြီး ပေါ်မှာ အသက်မဲ့စွာ ထိုင်နေ ခဲ့တယ်။  သူ့ဘေး က ကိုင်း ကို မှာ ရှီရှီ က လာနား  ပြီးတော့ ခေါင်းလေးကို သိလိုစွာနဲ့  အသာစောင်း လိုက်တယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now