အပိုင်း (16. 1)

Start from the beginning
                                    

'' တကယ်လို့ မင်းက အကျိုးအမြတ် များမယ့် အလုပ်ကို လုပ်ချင်တယ် ဆိုရင် မြူခိုး တောအုပ် ဘေးက ဆေးပင် အမျိုးမျိုး ကို သွားပြီး စုဆောင်း သင့်တယ်။ စန်းဟွား မြို့က လူအများစု ကတော့ ဒီလိုလုပ်တာ ပဲကွ။ မင်း သွားခူးပြီးရင် ယာယီ လမ်းဘေးဆ်ိုင် ထောင်ပြီးတော့ ဆေးရောင်းတဲ့ ဆိုင်လေး ဖွင့်ရင် ဖွင့် မဟုတ်ရင် လည်း ငါ့ဆိုင် ဆီ လာသွင်း ပေါ့ကွာ ''

မြူခိုး တောအုပ်?

စုယွမ် က အဲ့တာ ကို သိတယ်။ အဆုံးမှာတော့ သူက ဒီနေရာမှာ ၄ လ ဒါမှမဟုတ် ၅ လလောက် နေခဲ့ ပြီးတာ ဖြစ်တဲ့ အတွက် စန်းဟွား မြို့ရဲ့ အခြေခံ အချက် တွေတော့ သိနေ ပြီ ပဲ ဖြစ်လေတယ်။

စန်းဟွားမြို့ရဲ့ အဓိက အထင်တရှား နေရာက ၃ ခု ရှိလေတယ်။ တစ်ခု က မြူခိုး တောအုပ် ဖြစ်ကာ နောက်တစ်ခု က အနက်ရောက် ရွံနွံ တောင်တန်း ဖြစ်ကာ နောက်ဆုံး တစ်ခု ကတော့ လင်းနို့ ဂူပဲ ဖြစ်လေတယ်။

ထိုနေရာ ၃ ခု လုံးမှာ ဆေးနဲ့ ပတ်သတ်တဲ့ အပင်တွေ ​ရှင်သန် ကြီးထွား ကြလေတယ်။ ပြီးတော့ အဲ့နေရာတွေမှာ ဆေးပင် ကောင်းကောင်း တွေလည်း ရှိတာ ကြောင့် လူတွေက အဲ့နေရာ တွေကို အများဆုံး သွားကြလေတယ်။

အဲ့ သုံးခု ထဲမှာ မှ မြူခိုး တောအုပ် က အလုံခြုံဆုံး ဖြစ်ကာ စုယွမ်ရဲ့ ခြေလက် အသေးလေး တွေနဲ့ဆို ကျန်တဲ့ အနက်ရောင် ရွံ့နွံ တောင်တန်း နဲ့ လင်းနို့ ဂူ တို့က အန္တရာယ်များ လေတယ်။

မြူခိုး တောအုပ် က သူ့ရဲ့ နာမည် နဲ့ လိုက်အောင် တစ်နှစ်ပတ်လုံး မြူခိုးတွေနဲ့ ပြည့်နေခဲ့တယ်။ ပြီးတော့ လမ်းပျောက် ဖို့ ကလည်း အရမ်းကို လွယ်ကူ လေတယ်။ ဒါပေမယ့် အဲ့တာ က ပြဿနာ တစ်ခု မဟုတ်ပါပေ။

မြို့ထဲမှာ လမ်းကို ရှာတွေ့နိုင်မယ့် အဆင့်နိမ့် မှော်သံလိုက် အိမ်မြောင် ရောင်းတဲ့ ဆိုင်တွေ ရှိပါတယ် ။

စုယွမ် က ရှီရှီကို သူ့ရဲ့ ခြံဝင်းလေး ဆီကို ပြန်ခေါ် သွားခဲ့တယ်။ သူက အနည်းငယ် ရှက်နေမိ ပေမယ့်လည်း မြူခိုး တောအုပ် ကို သွားလိုခဲ့တယ်။

ဒါပေမယ့် သူက အဲ့အထဲကို ဝင် သွား ပြီးတာနဲ့ ပြန်ပြီး တော့ မထွက် လာနိုင် တော့မှာ ကို ကြောက်နေ မိလို့ပဲ ဖြစ်လေတယ်။ ဒါပေမယ့် တစ်ကယ်လို့ သူမသွား ပြန်ရင်လည်း ဆာလောင် ပြီးတော့ ငတ်သေ သွားလိမ့်မယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now