အပိုင်း (15. 2)

Start from the beginning
                                    

ထိုနေရာမှာ နဂါးတွေနဲ့ ငါးတွေ ရောနှော နေတယ်လို့ ပြောလို့ ရပေမယ့် မမျှော်လင့် ထားပါပဲ လုံခြုံရေး ကတော့ အရမ်းကို ကောင်းလေတယ်။ ဘာလို့လဲ ဆိုတော့ အဲ့က မြို့အရှင် ဟွားဝူနျင်း က သေချာ အုပ်ချုပ် ထားလို့ ပဲ ဖြစ်လေတယ်။

စုယွမ် က ဒီနေရာကို လာတော့ အရမ်းကို သဘောကျ မိသွားတာ ကြောင့် ဒီနေရာမှာပဲ အခြေချ ဖို့ ဆုံးဖြတ် လိုက်တော့တယ်။

အခုမှ ဥ ထဲက ထွက်လာတဲ့ ရှီရှီ အတွက် ကတော့ သူဟာ ကလေးပဲ ရှိနေသေးတယ်လေ။ ပြီးတော့ စုယွမ် ကပဲ ကလေးလေး အတွက် ဆုံးဖြတ်ချက် ကူချ ပေးလိုက်လေတယ်။

စုယွမ် က ထိုနေရာမှာ အခြေချ နေထိုင်ဖို့ ခြံဝင်းအသေးလေးနဲ့ အိမ်လေး တစ်လုံး  ဝယ်ဖို့ အတွက် စိတ်ဝိဉာဥ် ကျောက်တုံးတွေ မလုံလောက်ခင် အထိ သူ့လက်စွပ်ထဲ က ပစ္စည်း တစ်ချို့ကို ရောင်းချ လိုက်တယ်။

စုယွမ်ဘက်မှာ အခြေကျ သွားပေမယ့် ဟဲလျန်ချန်း ဘက်မှာတော့ အဓိကရုဏ်း တစ်ခု စတင် ဖြစ်ပွား နေခဲ့ ပါပြီ။

သူနဲ့ စုယွမ် က မောင်နှံ ပေါင်းစည်း စာချုပ် ချုပ်မိသား ဖြစ်တဲ့ အပြင် အခု ကောင်လေးနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိသွားပြီ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ စိတ်ဝိဉာဥ် က လုံးလုံး ပေါင်းစပ် သွား ပြီပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း က စုယွမ် ရဲ့ မှတ်ဉာဏ်တွေ အကုန်လုံး ကို ဖတ်လို့ ရသွားပြီးတော့ ထိုအမျိုးသားလေးဟာ သူ့ကို မကောင်းဆိုးဝါး မျိုးနွယ် ထဲမှာ တုံး က ဆယ်နှစ်ကျော် အဖော်ပြု ပေးခဲ့တဲ့ လူဆိုတာ ကို သိရှိသွားလေတယ်။

သူ့ရဲ့ နတ်ဘုရားလို အကိုကြီး က အမှန်တော့ သူ့ရဲ့ မကောင်းဆိုးဝါး လေး ဖြစ်နေတယ် ပေါ့လေ။

'' ဆိုတော့ ကောကော က သူ ဖြစ်နေခဲ့တာ ပေါ့ ''

ဟဲလျန်ချန်း က ရေရွတ် လိုက်ပြီးတော့ သူ့ရဲ့ နှလုံးသား နေရာကို လက်တင်လိုက် လေတယ်။ သူ့ရဲ့ မျက်လုံး ထဲမှာတော့ မီးတောက် တစ်ခု က တောက်ပ နေခဲ့လေတယ်။

သူ့ရဲ့ နှလုံးသား ဟာ အရင်ကဆို တည်ငြိမ်နေပြီး တော့ လုံးဝ လှုပ်ရှားခြင်း မရှိပေမယ့် အခုချိန် မှာတော့ တစ်ဒုန်းဒုန်း နဲ့ကို ခုန်လှုပ် နေခဲ့တယ်။

နှလုံးခုန်သံ ကို ကြားရတဲ့ အခါ မှ သူဟာ အသက်ရှင် နေဆဲ ပါပဲလား ဆိုပြီးတော့ တွေးမိလာပြီး သူ့ရဲ့ သွေးတွေ ကလည်း ဆူပွက်လာ ခဲ့ ပါတယ်။

ထိုအမျိုးသားလေး က ပဲ သူ့ကို အနွေးဓာတ် ပေးခဲ့တာ။

ဒါပေမယ့် အခုတော့ ထိုအမျိုးသားလေး ကပဲ သူ့ဆီကနေ ထွက်ပြေး သွားပြီ။

ဒါပေမယ့် အဲ့တာ က ကိစ္စ ကြီးတစ်ခုတော့ မဟုတ်ပါဘူး ။ သူက ကမ္ဘာအဆုံး ထိထွက်ပြေး ရင်တောင်မှ ပဲ ဟဲလျန်ချန်း ဆိုတဲ့ သူက လိုက်ရှာ ပြီးတော့ သူ့မိန်းမကို သေချာပေါက် ပြန်ခေါ်လာ မှာပါ။

စုယွမ် က သူဆိုတဲ့ ဟဲလျန်ချန်း ရဲ့ မိန်းမ ချစ်ဇနီးအသည်း ညှာလေး ပဲလေ။

( မြွေမသား မြွေညာ ☺🙂 နင်ပြောတော့ အိမ်မွေးအကောင်လေး ပါပဲဆို)

ဟဲလျန်ချန်း က စုယွမ် အသိုက်လေး ဖွဲ့ကာ ပုန်းနေမယ့် အရှေ့ဘက် နယ်မြေ တစ်ခုလုံး ကို တိုက်ရိုက်ပဲ သိမ်းယူ လိုက် ဖို့ အလို ရှိခဲ့တယ်။

ထိုအချိန်မှာတော့ သူ့ရဲ့ မှတ်ဉာဏ်တွေကို မြွေဘုရင်ကြီး  ရှာတွေ့ခံ ရပြီမှန်း မသိသေးတဲ့ စုယွမ် ကတော့ သူ့ရဲ့ စားဝတ် နေရေး အတွက် စိတ်ပူ နေခဲ့တယ်။

'' သိုလှောင်လက်စွပ် ထဲက ဟာတွေ အကုန်လုံး က အတူတူ တွေချည်း ပဲ။ တကယ်လို့ ငါသာ အလုပ် တစ်ခု မရှာရင် ငါ့ အသက်ဆက် ရှင်ရေး အတွက် စိုးရိမ်စိတ် ပူရတော့မှာ ကို ကြောက်မိတယ်''

စုယွမ် က ခြံထဲက စားပွဲဘေး ထိုင်ခုံမှာ စိုးရိမ်စိတ် တစ်ချို့ နဲ့ ထိုင်နေ လေတယ်။ ဖီးနစ်ငှက်လေး ရှီရှီ ကလည်း စုယွမ် ရဲ့ ပုခုံးပေါ်မှာ စိုးရိမ်စိတ် လေးတွေနဲ့ ထိုင်နေခဲ့တယ်။

သူက ကစားတာ က လွဲလို့ ဘာမှ မလုပ်တာ တာကြောင့် ငှက်ပိစိလေး က တကယ့်ကို ပဲ ဝမ်းနည်း နေမိတယ်။

ဒီလိုနဲ့ပဲ လူတစ်ယောက် နဲ့ ငှက်တစ်ကောင် ဟာ တိတ်တိတ်လေး ကြေကွဲ ခံစား နေခဲ့ကြလေတယ်။

...........................

ဟက်ပီးဘက်ဒေး တူမီ 😝❤

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now