"တောက်စ်!..""ကျစ်!.."
"ဟာကွာ!.."
"ဟင်း!"(သက်ပြင်းချသည်။)
"ဟင်း~.."
ဒီညည်းညူသံတွေကတစ်ခြားတော့မဟုတ်။ရုံးခန်းထဲတွင်ထိုင်ကာဖိုင်တွဲတွေဟိုလှန်ဒီလှန်ဒီလှန်လုပ်နေတဲ့ဥက္ကဌကြီးစီမှထွက်လာတဲ့စိတ်မရှည်ခြင်းညည်းညူသံတွေပင်။
တစ်မိနစ်ခြားတစ်ခါလောက်ကိုအသံပေါင်းစုံထွက်နေသည်။ဘာကိုအလိုမကျဖြစ်နေလဲဆိုတာကိုတော့အတွင်းရေးမှူးနမ်အပါအဝင်ဘယ်သူမှမသိကြပါ။ဥက္ကဌကြီးထိုကဲ့သို့ဖြစ်နေခြင်းကိုမည်သူမျှမမြင်ဖူးကြ။ဒါသည်ပထမဦးဆုံးဖြစ်သည်။ရုံးခန်းအပြင်ဘက်စားပွဲတွင်ထိုင်နေကာမနေနိုင်မထိုင်ဖြစ်ပြီးရုံးခန်းထဲကိုအတွင်းရေးမှူးနမ်ဟာဝင်လာကာ
"ဥက္ကဌကြီး.."
"ဟင်?.."
"တကယ်လို့သက်တောင့်သက်သာမဖြစ်ဘူးဆိုလည်းအိမ်ပြန်ပြီးအနားယူသင့်ပါတယ်."
"ကိစ္စမရှိဘူး..ဟူး!"
သူအခုတောင်စကားပြောပြီးပြီးခြင်းသက်ပြင်းတစ်ချက်ချလိုက်လေတယ်။
"ဟို..ဥက္ကဌကြီးဒီလိုဖြစ်နေတာနှစ်ရက်လောက်ရှိပါပြီ..အလုပ်တွေကလည်းသေချာပြီးမြောက်တယ်လို့မရှိတော့..တကယ့်ကိုအနားယူစေချင်ပါတယ်"
ဟုတ်ပါသည်။Taehyungဟာနေရာတွင်ထိုင်ပြီးဖိုင်တွဲတွေကိုဟိုလှန်ဒီလှန်ဟိုကြည့်ဒီကြည့် ကြည့်နေခဲ့ပေမဲ့တကယ်ဆိုဘာအလုပ်မှဖြစ်ဖြစ်မြောက်မြောက်ကိုမလုပ်ဖြစ်ပါ။ခါတိုင်းသပ်သပ်ရပ်ရပ်ကျကျနနပုံသွင်းထားနေကြဆံပင်တွေတောင်ဟိုတစ်စဒီတစ်စကျနေသည်ဆိုတော့အလုပ်တွေမပြီးမြောက်တာကအဆန်းကြီးတော့မဟုတ်ပေ။
"ဥက္ကဌကြီးမှာဘာအခက်အခဲတွေရှိလဲတော့မသိပေမဲ့..ဥက္ကဌကြီးကအခုလိုတစ်ခါမှမဖြစ်ဖူးတော့ကျွန်တော်ဥက္ကဌကြီးအတွက်စိုးရိမ်မိပါတယ်"
"ကောင်းပြီ.."
Taehyungဟာစကားအဆုံးအသက်ကိုဝ ဝရှုကာသူ့မျက်နှာကိုပွတ်သပ်လိုက်ပြီး
"အခုအဆင်ပြေပြီ..တစ်ယောက်တည်းနေမှာမို့လိုအတွင်းရေးမှူးနမ်အပြင်ထွက်ပေးပါ"
![](https://img.wattpad.com/cover/338790895-288-k783244.jpg)