အပိုင်း (10.2)

Start from the beginning
                                    

ဖူစူး ပြောပြီးတာနဲ့ လူတိုင်းက စကားတွေ ပြောလာကြလေတယ်။

'' အရင်နှစ်တွေ တုံး က လိုမျိုးပဲ နေရာခွဲဝေ ကြတာပေါ့ ''

'' ရှင်းယုမန် က ပိုပြီးတော့ နေရာ ရတာ က ဖြစ်သင့်တာ ပေါ့လေ ''

'' အရင်နှစ်ကလိုမျိုး နေရာတွေပဲ ခွဲဝေ ကြတာ ပေါ့လေ ''

'' ငါလည်း အဲ့တာကို သဘောတူတယ်။ ''

လူတိုင်းက သဘောတူ နေကြပြီးတော့ ထိုကိစ္စက ဒီလိုပဲ ပြီးဆုံးသွား တော့မယ့်ပုံ ပေါ်နေလေတယ်။

ဖူစူး က ထို အခြေအနေကို အပြီးသတ် ဖို့ရာ အတွက် မတ်တပ်ထရပ်လိုက် တဲ့ အချိန်မှာတော့ အေးစက်တဲ့ အသံတစ်ခု က ထွက်လာခဲ့တယ်လေ။

'' ငါက အယောက် ၅၀၀ နေရာကို လိုချင်တယ်။ ကျန်တာ တွေကို ငါဂရုမစိုက်ဘူး ''

ဟဲလျန်ချန်း က သဘာဝ ကျကျနဲ့ ပြောလိုက်တယ်။

ထိုစကား ထွက်လာတာနဲ့ နွေးထွေးကာ ဟန်ချက်ညီတဲ့ ဆွေးနွေးပွဲရဲ့ လေထုက ချက်ချင်း ပြောင်းလဲ သွားလေတယ်။

နဂါးဂိတ်ဝ ရဲ့ ငယ်ရွယ်တဲ့ ခေါင်းဆောင်ငယ် ဖြစ်တဲ့ လုံ ဖေးယန် က ထိုစကား ကြားရတာနဲ့ မျက်နှာက ပြောင်းလဲ သွားကာ အေးစက်စွာ ပြောလိုက်တယ်။

'' မြွေဘုရင် က အရမ်းကို လွှမ်းမိုး လိုတာပဲ ''

'' ငါက နေရာ ပိုယူချင်တာ ဘာမှား လို့လဲ? မင်းက ငါနဲ့ တိုက်ချင်လို့လား? ''

ဟဲလျန်ချန်း က တိုက်ရိုက် စိုက်ကြည့်လိုက်ပြီးတော့ မျက်ခုံးကို ခပ်ပေါ့ပေါ့ လေး ပင့်ထားလေတယ်။

ထိုဟာက လုံးဝ ကို အပြစ်အနာအဆာ ကင်းတဲ့ စတိုင် ဖြစ်နေကာ ထိုအချိန်မှာတော့ ပိုပြီး ဆွဲဆောင်မှုတွေ ပြည့်နေလေတယ်။ ဘေးနားက ထိုင်ကြည့်နေတဲ့ စုယွမ် ခမျာ ရူးသွပ်လုနီးပါးပဲ။ တစ်ခြား ဘာကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး ပစ်ပယ်လို့ မရနိုင်တဲ့ အလှတရား ကြောင့် ဖြစ်လေတယ်။ တကယ်လို့ အဲ့တာက သာ အမျိုးသမီး တစ်ယောက် ဆိုရင်တော့ သူက သိပ်ပြီးတော့ ရူးသွပ် မိမှာ မဟုတ်ပါပေ။

နဂါးကလန်ရဲ့ ခေါင်းဆောင် ငယ် ဖြစ်တဲ့ လုံ ဖေးယန်က အတော်လေးကို အရည်အချင်း ရှိတဲ့ သူပဲ ဖြစ်လေတယ်။ ပြီးတော့ သူ့ကိုယ်ထဲမှာ ခြေသည်းငါးချောင်းပါ နဂါးသွေး လမ်း​ကြောင်း မလို့ ပိုပြီးတော့ တောင် သန့်စင်နေလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now