အပိုင်း (10.1)

Start from the beginning
                                    

သေချာ လုံလောက်ပါပြီ။

သူ့ရဲ့ စိတ်ကူးအတွေးတွေကို ဒီ့ထက်ပိုပြီးတော့ လျော့ချ တွေးထားခဲ့ သင့်တာ။ ပြီးတော့ တစ်ခဏ ယာယီပဲ တွေ့ဆုံ ဆွေးနွေးမယ့် တဲဆိုတော့ ဒီလောက်ပဲ ရှိတာ က ဖြစ်သင့်ပါတယ်လေ။

သူတွေ့လိုက်ရတာ ကတော့ လေထဲမှာ တိမ်ရောင်စုံကို အောက်ခံထားပြီးတော့ စိတ်ကူးယဥ်နေရာလို ကြိုးကြာတွေပါ ဘေးနားမှာ ပျံသန်း နေတဲ့ နေရာငယ်လေး တစ်ခုကို ပဲ ဖြစ်လေတယ်။

ဒါပေမယ့် သူတို့က ဘယ်လိုလုပ် လေထဲမှာ ရပ်နိုင်မှာ တဲ့လဲ ?

ထို အတွေး ထွက်လာခဲ့တဲ့ အခါ သူ့ရှေ့မှာ ပန်းပွင့် တစ်ခု ထွက်လာတာ ကို ခံစားလိုက်ရပြီးတော့ သူတို့က အဲ့အပေါ်တောင် ရောက်နေခဲ့ ပါပြီ။

ဟဲလျန်ချန်း က စုယွမ်ကို အထင်သေးစွာ ကြည့်လိုက်ပြီးတော့ သူ့စိတ်ထဲ ကနေ စုယွမ် ကို အသံ ပေးပို့လိုက်လေတယ်။

[ ငါ့ကို မျက်နှာသာ တစ်ချို့ပေး စမ်းပါ။ မင်းက မြင့်မြတ်တဲ့ မြွေဘုရင်ရဲ့ အမျိုးသမီး ငါ ဟဲလျန်ချန်းရဲ့ မိန်းမလေ။ အဲ့လိုကြီး ဖြစ်ပျက် မနေစမ်းနဲ့ ]

[ ဒီလောက်သေးငယ်တဲ့ နေရာလေးမှာ အစုတ်အပြတ်မှော် လက်နက် အသေးလေးပဲ ရှိနေတာ မဟုတ်ဘူးလား ။ ဒီလိုမျိုး မျှော်လင့်ချက် မဲ့နေလောက် အောင် ကြည့်မနေစမ်းနဲ့ ။ ငါတို့ ပြန်သွားရင် မင်းအတွက် တစ်ချို့ကို ငါရှာပေးမယ်]

စုယွမ်ရဲ့ မျက်လုံးတွေက ချက်ချင်း တောက်ပ သွားပြီးတော့ အမြန်ပဲ မေးလိုက်လေတယ်။

'' ဘယ်လောက် များများ လဲ? ''

ဟဲလျန်ချန်း က စုယွမ်ကို စကားပြောတဲ့ အခါ စိတ်ထဲကနေ အသံပို့လွှတ်တဲ့ နည်းကို သုံးပြီးတော့ ပြောတာ ဖြစ်ပေမယ့် စုယွမ် က နားမလည်တာလား ဒါမှမဟုတ် သဘောမပေါက်တာ လား မသိတာမို့ အပြင်ကနေ တိုက်ရိုက် ထုတ်မေးလိုက်တာ ပဲ ဖြစ်လေတယ်။

နောက်တော့ သူတို့ဘေး က လူတွေက ဟဲလျန်ချန်း နဲ့ စုယွမ် တို့ကို အံ့သြ နေတဲ့ အကြည့်တွေနဲ့ ဝိုင်းပြီးတော့ စိုက်ကြည့်နေကြလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now