အပိုင်း (9.2)

Start from the beginning
                                    

'' ကောင်းကင်နဲ့ မြေကြီး ကြားမှာ အရှိန်အဝါ ဆိုတာ ရှိပြီးတော့ အရာအားလုံးက ကျင့်ကြံ နိုင်တယ်လေ။ တကယ်လို့ မင်းသာ သေချာတဲ့ အဆင့်တစ်ခု အထိ လေ့ကျင့်နိုင်မယ် ဆိုရင် မင်း လူသား ပုံစံကို ပြောင်းလို့ ရနိုင်တယ်။ ဒါပေမယ့် လူသားပုံ ပြောင်းဖို့ ကျရှုံးခဲ့တဲ့ သူတွေ ရှိတာ ကိုလည်း မင်း တွေ့ဘူးပါတယ် ''

ထိုစကားသံ ကြားရတာ က အပြစ်အနာဆာ ရှိတဲ့ ထုတ်ကုန် လို့ ပြောတာ နဲ့ တူလေတယ်။

စုယွမ် က ဘေးပတ်ဝန်းကျင် ကို စိတ်ဝင်စား စွာ ကြည့်နေတဲ့ အချိန်မှာ ရှင်းယုမန် ရဲ့ ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက် က သူတို့ဆီကို လာနေတာ ကို တွေ့လိုက်ရတယ်။

'' မြွေအရှင် ခမျ။ ကျုပ်တို့ ခေါင်းဆောင် က အရှင့်ကို သူတို့နေရာလာခဲ့ဖို့ ဖိတ်ခေါ်နေပါတယ်။ ပြီးတော့ ဂိုဏ်းတွေ အများကြီး နဲ့ နတ်ဘုရား တစ်ဝက် တောင် ကို ဘယ်လို ဝင်ကြမလဲ ဆိုတာကို ဆွေးနွေး ဖို့ပါ''

ထိုစကား ကြားလိုက် ရတဲ့ အခါ ဟဲလျန်ချန်းရဲ့ မျက်နှာက ဖြူဖျော့ သွားတယ် ။

တစ်ဖက် က စုယွမ် ကတော့ သိလိုတဲ့ မျက်လုံးလေး တွေနဲ့ ကြည့်နေခဲ့တယ်။

ထိုအကြည့်ကို တွေ့တော့ ဟဲလျန်ချန်း မတက်နိုင်တော့ပဲ နူးညံ့ ပျော့ပျောင်း သွားရလေတယ်။

အဲ့ကိစ္စကို လျစ်လျု ရှုထားလဲ ဖြစ်ပေမယ့် သူလေး က သိချင်နေမှတော့ သင်ယူရအောင် ခေါ်သွား ရတော့မှာပေါ့လေ။

ဟဲလျန်ချန်း က ခေါင်းကို အသာငြိမ့်ကာ သူသိကြောင်း ပြောလိုက်လေတယ်။

ထိုလူက ပြန်ဆုတ် ခွာသွားလေတယ်။

'' မင်း ငါနဲ့ သွားရမယ် ''

ဟဲလျန်ချန်း က ပြောလိုက်တယ်။

စီးထူယန် က မသိလိုက် ပဲနဲ့ ရှေ့ကို တစ်လှမ်း တိုးလိုက်ချိန်မှာ သူ့မြွေဘုရင် က စုယွမ်ရဲ့ လက်ကို ကိုင်ပြီးတော့ အဝေးကို ခေါ်သွားပြီ ဆိုတာကို တွေ့လိုက်ရလေတယ်။

( အမလေး ရှက်စရာကြီး 🤣)

သူ့ကို ပဲ အမြဲတမ်း အဖော်ပြု ခိုင်းတဲ့ မြွေဘုရင် က ဒီနေ့မှာတော့ သူ့ကို မလိုက်ခိုင်းတော့ ပဲ သူ့အစား ဟူးမန်းမ တစ်ယောက် ကို ခေါ်သွားချင်တယ် ဆိုတာ သိလိုက်ရတယ်။

ရွှီးဟယ်ရဲ့ မျက်လုံးတွေ ကလည်း ဝိုင်းသွားလေတယ်။ ဒီမျိုးမစစ် က ဘယ်တုံး ကများ မြွေဘုရင်ကို အမိ ဖမ်းနိုင် သွားရတာလဲ။ ပြီးတော့ မြွေဘုရင် ရဲ့ အနေအထား ကို ကြည့်စမ်းပါအုံး အဲ့မျိုးမစစ်က တကယ်ကြီး တန်ဖိုးထား ခံ နေရတာပဲ။

ဒီလိုဆိုရင်တော့ သူတို့ရဲ့ မူလ အစီအစဉ် ကို ပြန်လုပ် ရတော့မယ် ထင်တယ်။

( ခွေးမ ☺)

ထို အချိန်မှာတော့ လူကိုယ်တိုင် ပါသွားတဲ့ စုယွမ် ခမျာ မူးဝေ သွားလေတယ်။

သူက လက်အကိုင်ခံထား ရတယ်။

ယောကျာ်း တစ်ယောက် က သူ့လက်ကို ကိုင်ထားတယ်!

မမျှော်လင့်ထား ပါပဲနဲ့ အထူးတလည်ဖြစ်ပြီး ထူးဆန်းတဲ့ ခံစားချက် တစ်ခု က သူ့နှလုံးသားထဲ စီးဝင်လာခဲ့တယ်။

သူ့ရဲ့ လက်က လက်အကြီး တစ်ခုနဲ့ အကိုင် ခံထားရပြီးတော့ လက်တစ်ခုလုံး နစ်မြုပ် နေခဲ့တယ်။ ပြီးတော့ ထိုလူရဲ့ လက်ချောင်း တွေက အေးစက်နေကာ ထိုအချိန်မှာ သူ့ရဲ့လက်ကို အခိုင်အမာ ကိုင်ထားလေတယ်။

စုယွမ် က ငေးမောနေကာ သူ့နှလုံးသား က လွင့်မျောနေသလိုပါပဲ။ နောက်တော့ သူ့ရဲ့ ခြေထောက်အောက် က အရာပေါ် ကနေ ပြုတ်ကျတော့ မလိုဖြစ်သွားလေတယ်။

ကံကောင်းစွာနဲ့ ပဲ သူ့ဘေး က လူက သူ့ကို ဖတ်လိုက်လေတယ်။

'' ဂရုစိုက် မှပေါ့ ''

အသံ က သူ့ရဲ့ နားထဲ ဝင်လာပြီးတော့ နွေးထွေးတဲ့ လေသံတွေက သူ့နားရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ အတွက်ကြောင့် စုယွမ် က မသိလိုက်ပဲ ရှက်သွေးဖြာ သွားလေတယ်။

ဒါက တကယ်ကြီးကို ဆိုးဝါးတာပဲနော်။

................................

တိုလို့ ၂ ပိုင်း!

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now