အပိုင်း (9.1)

Start from the beginning
                                    

ထိုလက်စွပ်ကိုလည်း မြင်ရော စုယွမ် က အခုလေးတင် ဖျက်ဆီး ခံလိုက်ရတဲ့ ကျောပိုးအိတ် အကြောင်း သတိရ သွားပြီးတော့ သူက ဒေါသ ထွက်သွားကာ ဟဲလျန်ချန်းကို မျက်မှောင်ကြီး ကြုတ် ပြီးတော့ ကြည့်လိုက်လေတယ်။

'' ကြီးမြတ်တဲ့ ဟာကို သွေးစက်ချပြီး ချိတ်လိုက် ''

ဘာပြောတာ?

ဘာ!

စုယွမ်ရဲ့ ခေါင်းက တစ်ခဏ ကြေမွ သွားသလိုပဲ။ သူ့ခေါင်း တစ်ခုလုံး ပေါက်ကွဲ တော့မယ် နဲ့ တူတယ်။

ကြီးမြတ်တဲ့ ဟာကို သွေးစက်ချ ချိတ်ရမယ်!

ဆိုတော့ ဒီလက်စွပ်က ကျင့်ကြံရေး ကမ္ဘာ မှာ အထင်ရှားဆုံး သိုလှောင်လက်စွတ် တစ်ကွင်းလား?

ထို လက်စွပ်ထဲမှာ ကွက်လပ် ပါဝင်ပြီးတော့ ပစ္စည်း တွေကို အဲ့ထဲ မှာ ထည့် သိမ်းထား လို့ ရတဲ့ဟာလေ!

စုယွမ် က အမြန်ပဲ သူ့ပါးစပ်ကို ဖွင့်ကာ လက်ချောင်း တစ်ခုကို ကိုက်ပြီးတော့ ထို လက်စွပ်ပေါ်ကို သွေးစက် ချ လိုက်ပြီးတာနဲ့ ဆက်နွယ်မှု တစ်ခုကို ချက်ချင်း ခံစားလိုက်ရတယ်။

ထိုခံစားချက် နောက်ကို လိုက်ကာ ထိုအထဲ သူ့စိတ်ကို နှစ်မြုပ်လိုက်တဲ့ အချိန်မှာတော့ စုယွမ်က သူ့စိတ်ထဲမှာ ကောင်းကင်နဲ့ မြေကြီးတွေ ရှိတဲ့ ကျယ်ပြောသော ကမ္ဘာငယ်လေး ကို တွေ့လိုက်ရတယ်။

အဲ့တာ က သာမန် ဟာတွေလို ငြိမ်သက် ကွက်လပ် မဟုတ်ခဲ့ပေ။ အဲ့ထဲမှာ ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ အသက်ရှိ သတ္တဝါတွေပါ ရှိနေသေးတယ်။ အထဲကို သူကိုယ်တ်ိုင်သာ ဝင်သွားန်ိုင် ရင်တော့ လုံးဝ ပြီးပြည့်စုံ သွားမှာပဲ။

စုယွမ် က အပျော်တွေ လွန်ကာ မထိန်းနိုင်တော့ပဲ သူ့နဲ့ အတူ ရှိသွားတဲ့ နယ်မြေသစ်ကို လိုက်ပြီး စူးစမ်းနေမိတယ်။

'' အချိန်ဖြုန်း မနေနဲ့ သွားစရာ ရှိတာ သွားကြစို့ ''

ဟဲလျန်ချန်း ရဲ့ အေးစက်တဲ့ အသံ ထွက်လာတာနဲ့ စုယွမ်က သူ့ရဲ့ စိတ်ကို ဆွဲထုတ်လိုက်လေတယ်။

အခုချိန် ဟဲလျန်ချန်းကို ကြည့်လိုက်တဲ့ အခါ စုယွမ် က အရင်ကလိုမျိုး မကြောက်တော့တဲ့ အပြင် ပိုကြည့်လေလေ ပိုချောလေလေ လို့ မြင်လာခဲ့လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now