Arc 1.7 ( The end )

Start from the beginning
                                    

' ဘာ! ဘာဖြစ်လို့လဲ ဘယ်လိုအရှက်ခွဲမှာလဲ '

[ အဲ့တာက အရင်ဆုံး ဇာတ်လိုက်မက ဇာတ်လိုက်ကို လူကြားထဲဖွင့်ပြောရော ဇာတ်လိုက်က သူ့မှာချစ်ရသူချင်းရွဲ့ရှိတယ်ဆိုပြီး ငြင်းလိုက်တယ်လေ အဲ့တာကိုမကျေနပ်လို့ အရှက်ခွဲမှာ ချင်းရွဲ့က ဇာတ်လိုက်ကို အောက်လမ်းနဲ့မြူစွယ်ထားတာတို့ ဇာတ်လိုက်တကယ်ချစ်တာ သူပါတို့ ထုံးစံအတိုင်း ပေါ့ host ရယ်

' ဪ အေး အေး '

[ ပြီးတော့ လူတစ်ချို့ကိုငှားထားတယ် ချင်းရွဲ့ကိုဖျက်ဆီးဖို့ အဲ့လူတွေနါ့ချင်းရွဲ့ရဲ့ vd ကို ပိုစ့်တင်ဦးမှာ ဇာတ်လိုက်မကတော်တော်စေ့စပ်တယ်နော် ]

'  အခု ကုချင်းရွဲ့က ဘယ်မှာလဲ '

[ ကန်တင်းမှာလေ ]

' ပိုင်ပိုင် ဇာတ်လိုက်မက လူငှားတယ်ပြောလိုက်တာမလား သူ(မ) မှာ ဘယ်ကပိုက်ဆံရတာလဲ ပြီးတော့ ကုအိမ်တော်ရဲ့ ဒုတိယသခင်လေးကို လုပ်ကြံရလောက်သည်ထိ သတ္တိရှိနေရတာဘယ်သူဖြစ်လောက်မလဲ ဇာတ်လိုက်မရဲ့ကျောထောက်နောက်ခံက ဘယ်သူလဲ '

[ ပိုင်ပိုင်လဲ  မသိပါဘူး host ]

' ကုအိမ်တော်က ဘယ်သူနဲ့မှရန်ငြိုးမရှိပါဘူး ဘယ်သူများလဲ .... '

ချန်းဖ့အတွေးနယ်ကျွံနေရင်း ရုတ်တရက်သတိရမိသွားတာက သူ့ဦးလေးကုချင်းယောင်ပင်။ ထိုကုချင်းယောင်ဆိုတဲ့ လူပျိုကြီးက သူနဲ့ကုချင်းရွဲ့ကိုကြည့်မရပေ။ အကြောင်းကတော့ ကုအိမ်တော်ရဲ့ ဆက်ခံသါတွေအဖြစ် လျာထားခြင်းခံရတဲ့သူတွေမလို့ပေါ့။ ထိုလူကြီးက စည်းစိမ်တွေကို လက်ဝါးကြီ့အုပ်ချင်တာနေတာကြောင့် သူတို့နှစ်ယောက်ကို သေလောက်အောင်မုန်းနေတာဖြစ်သည်။ ယခုကိစ္စတွင်လဲ သူပါဝင်ပက်သတ်နေတာသေချာသလောက်ရှိသည်။

' ပိုင်ပိုင် ကုချင်းယောင်နဲ့ ဖေးရန်အာရဲ့အကြောင်း သိချင်တယ် အခု '

[ ဟုတ် ခဏလေး host ပိုင်ပိုင်ရှာပေးမယ် ]

ပိုင်ပိုင်ရှ်နေတဲ့အတောအတွင်း ချန်းဖေ့ ကန်တင်းသို့ထွက်လာခဲ့သည်။ ကန်တင်းမှာ ရှောင်လုနဲ့ ချင်းရွဲ့တို့အတွဲကိုတွေ့လိုက်ရသည်။ နှစ်ယောက်ကမ္ဘာတည်နေတဲ့ သူတို့နှစ်ယောက်က ချန်းဖေ့ကိုမြင်ဖို့မပြောလေနဲ့ အနားကဖေးရန်အာကိုတောင် ရှိတယ်လိုမထင်ကြပေ။ ချန်းဖေ့သူတို့ရှိရာကိုဦးတည်သွားလိုက်လေသည်။ ဖေးရန်အာရဲ့ အစီစဥ်လေးကို တစ်ဖက်တစ်လမ်းက ကူညီရတာပေါ့။

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now