အပိုင်း(၁၀)

ابدأ من البداية
                                    

"ကဲ..မင်းသမီး ပြီးပြီလား"

"ဟာ...ကလေးလေးကလည်း လာဦး ငါ့ကို အင်္ကျီလာရွေးပေးပါဦးကွာ ငါဘာဝတ်ရမှန်းမသိလို့"

"မင်းမေကြီးတော်ကြီး ကလေးလေး"

"စောစောစီးစီး မင်္ဂလာမရှိအောင် မဆဲရဘူးလေ ကလေးလေး"

"မင်း ကိုကို ဆိုတဲ့ အသံကြီးကြားကတည်းက မင်္ဂလာကို မရှိတာ"

စိတ်ရင်းမှန်နဲ့ ပြောသော စကားမဟုတ်ဘူး ဆိုတာကျွန်တာ်ကိုယ်တိုင်သာသိသည်။ဒီလူရဲ့ အကျင့်စရိုက်ကအစ ကျွန်တော်သဘောကျနေမိတာတော့ တိတ်တိတ်လေး ဝန်ခံရမည်။သူပျော်နေရင် ကျွန်တော့်လည်း ပျော်တယ်။ဒါပေမဲ့ စည်းဆိုတာမျိုးကလည်း ရှိသင့်ရှိခိုက်တယ်ဟု ကျွန်တော်ထင်မိ၏။ဒါကလည်း ကျွန်တော့်အတွက် ချထားတဲ့ စည်း။ သူငယ်ချင်းစည်းနဲ့ ခြားထားမှသာ ကျွန်တော့်အတွက်ရေရှည်အဆင်ပြေလိမ့်မည်။

အဲ့ကလေးလေးဆိုတာ ကလည်း ရာဇဝင်နဲ့ပင်။လွန်ခဲ့တဲ့၂ရက်ခန့်က လမ်းထိပ်က အကြော်သွားဝယ်ရင်း ထိုအကြော်ဆိုင်တွင် အကြော်ထိုင်စားနေသည့် အတွဲမှ ဇာတ်လမ်းစသည်။အတွဲဆိုသည့်အတိုင်း ကိုကိုတွေ ၊ကလေးတွေခေါ်ပြီး ခွဲကျွေးနေကြတဲ့ အမျိုး။ဒါကို လွမ်းစေသော်က အကြော်ဆိုင်က အပြန်လူကို မထိတထိလာစပြီး ကလေးလို့ခေါ်ကာ အကြော်တွေလာခွံကျွေးတာ အဲ့နေ့ လမ်းမှာတင် အကြော်တွေကုန်လာတာမို့ အန်တီခိုင်ဆူတာတောင် ခံလိုက်ရသေးသည်။ အစက ကျွန်တော် မခေါ်နဲ့ လို့ပြောသည်။လွမ်းစေသော်ကဘဲ အရေထူးနေသည် မသိ။အဲ့နေ့က ကျွန်တော်စိတ်တိုတိုနဲ့ နှစ်ချက်လောက်တီးလိုက်တာကို အချိုးက ကြိုက်သလောက်ရိုက် ငါကတော့ ခေါ်မှာဘဲ ဆိုတဲ့ အချိုးမျိုး။ ကျွန်တော်လည်း မောတာ နဲ့ အဖက်တင်တာမို့ ဘာမှဆက်ပြောမနေတော့။

လွမ်းစေသော် အခန်းထဲ ရောက်ရောက်ချင်း ကြမ်းပြင်တစ်ခုလုံး ပွစာကျဲနေတဲ့ အဝတ်အစားပေါင်းစုံကို တွေ့လိုက်ရ၏။နွေခေါင်ခေါင်ကြီးမှာ   ကျွန်တော် မျက်စိနောက် သွားရသည်။

"လွမ်းစေသော်ရာ မင်း ကြည့်ဦး ပွစာကျဲလို့"

"ငါ့အမေကြီးလို ဆူမနေပါနဲ့"

အချစ်ထက်သာလွန်သော[Completed]حيث تعيش القصص. اكتشف الآن