မိမိသည်အခန်းတွင်းလျှောက်လာသောအခါ ရှီယုသည်ပြတင်းပေါက်ရှိအငယ်မ၏ဘေးတွင်ခိုစီးနေလေသည်။မိမိသည်လိုက်ကာများအားမြန်မြန်ပိတ်လိုက်ကာ ‌‌ေပြာလိုက်သည်။

  "မကောင်းတဲ့အကျင့်တွေကိုအတုခိုးမနေနဲ့။အဲ့ဒါကသူမရဲ့ဝါသနာလေ"
 
မိမိသည်ကုတင်ပေါ်တွင်ထိုင်ကာ ရှီယုအားလာဖို့ခေါ်လိုက်သည်။

  "ဒီနေ့မှာ နင့်ကြောင့်သာမဟုတ်ရင် ငါဖြစ်ကောင်းဖြစ်နိုင်လောက် မဟုတ်သေးဘူး ငါသေချာပေါက်‌ေသသွားခဲ့လောက်ပြီ"

  မိမိသည်ရှီယု၏လက်ပေါ်ဖမ်းဆုပ်လိုက်သော်ငြား မိမိလုပ်နိုင်သမျှအားလုံးသည်လေအားဆုပ်ကိုင်ထားရုံသာပင်။

  မိမိသည်မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်အားအားစိုက်ထုတ်ကာတပ်ထားလိုက်ပြီး ရှီယုအားနှစ်သိမ့်ရန်ကြိုးစားလိုက်သည်။

  "ငါ့ရဲ့ပင်ကိုသိစိတ်ပေါ်အခြေခံရရင် နင်ကမသေသေးဘူး။အဲ့ဒါနင့်ဝိညာဉ်ကခန္ဓာကိုယ်ကနေယာယီထွက်လာရုံလေးတင်ပါ။အဲ့လိုကိုTVမှာမြင်ဖူးတယ်မလား။ဝိညာဉ်ကခန္ဓာကိုယ်ကနေထွက်သွားတာလေ။အဲ့ဒါကအခုလက်ရှိနင့်လိုပဲ...အိုက်ယား!ပွင့်ပွင့်လင်းလင်းပြောရရင် ငါလည်းအများကြီးမသိဘူးရယ်။နင့်မှာအသက်ရှင်ဖို့အခွင့်အရေးတစ်ခုရှိ‌နေသရွေ့တော့ အရှုံးမပေးလိုက်နဲ့နော်"

  မိမိသည်အလုပ်တွေဆက်လုပ်နေလိုက်သည်။ရှီယု၏မျက်နှာမှာတော့ အမူအယာမဲ့နေဆဲပင်။ရုတ်တရက်ပင် မိမိ၏အိပ်ခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။စုယန်သည်တံခါးအားမှီနေကာ မိမိအခန်းအားသတိထားသောအမူအယာဖြင့်စေ့စေ့စပ်စပ်အကဲဖြတ်နေတော့သည်။သူသည်အံ့ဩစွာဖြင့်

  "မင်းဘယ်သူနဲ့စကားပြောနေတာလဲ"

  "ရှင့်ကိုဘယ်သူကဝင်ခိုင်းလို့လဲ"

  မိမိလည်းခွန်းတုံ့ပြန်လိုက်သည်။

  "ကျွန်မကိုမနှောင့်ယှက်ဖို့ပြောမထားဘူးလား"

  စုယန်သည်အ‌ေရထူလှပြီးမိမိ၏ဝေဖန်လာသည့်ပုံကိုပြန်လည်တုံပြန်လာသည်။

  "ငါအထဲမဝင်ဘူး‌ေလ။ငါအပြင်မှာရပ်နေတာကိုမင်းမမြင်ဘူးလား"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now