အပိုင်း (၃၄)

61 7 0
                                    

Unicode

ဥတုရာသီ၊ မြသားချည်အေး
ထုံသင်းမွှေးကြိုင်၊ ပိတောက်တစ်ခိုင်
နေရောင်ဖန့်ဖန့်၊ တိမ်ညိုလှပ်လျက်
ရေခမိုးပြည့်၊ နွေရိုးပျက်သည်။
အတာကူးပိုး၊ တန်ခူးမိုး။
(တန်ခူးမိုး - ရှိန်းလရောင်)

နန်းမြို့ရိုး၏ အရှိန်အဝါဟာ မြသားရောင်အဆင်းရှိသောကျုံးရေနှင့်အတူ တင့်တယ်လို့နေသည်။ ကျုံးဘေးတစ်ဖက်တစ်ချက်တွင်သာမက ဝန်းပတ်နေသောလမ်းမကြီးများတွင်လည်း လူအပြည့်တိုးကြိတ်လျက်ရှိသည်။

မန္တလေးတောင်မှအဆင်း တည့်တည့်မတ်မတ် ကားမောင်းသွားလျှင်ရပေမဲ့ သင်္ကြန်အခါသမယ ဖြစ်သောကြောင့် ​​ကျုံး၏မြောက်ဘက်လမ်းသည် ကားဝင်ခွင့်မရှိ ပိတ်ထားလေသည်။ ပုံမှန်နေ့မျိုးမဟုတ်သည့်အပြင် လမ်းလျှောက်သင်္ကြန်လည်းဖြစ်တာကြောင့် ကား၊ ဆိုင်ကယ် အကုန် ကျုံးနားတွင်ရပ်ထားရပြီး ခြေကျင်ဝင်ရလေသည်။
သက်ဝေအောင်တို့၏ ကားသည် နန်းရှေ့ ၁၉လမ်းဘက်မှ ပတ်မောင်းလာပြီး ကျုံးတောင်ဘက်လမ်းကြောသို့ဝင်လိုက်သည်။ ကားရပ်နားရန်နေရာ တွင် ကားထိုးအပ်ခဲ့ပြီး မန္တလေးလမ်းလျှောက်သင်္ကြန် ပင်မနေရာသို့ ခြေကျင်ဝင်လိုက်သည်။

" အား ပါး ပါး များလိုက်တဲ့လူတွေ ကြည့်ပါဦး"

သဒ္ဒါအပြောမစောပါ။ လူပင်လယ်ဖြစ်နေသည့်အတိုင်း ဖက်ရှင်ကိုယ်စီ၊ စရိုက်ကိုယ်စီဖြင့် ရေပက်ခံနေကြသော လူအုပ်ကြီးဟာ လမ်းတစ်လျှောက်လုံးပိတ်နေသည်။
မဏ္ဍပ်များဟာလည်း သူဦး၊ ကိုယ်ဦး ရေပက်နေပြီး ဗဟိုမြို့တော်ဝန်မဏ္ဍပ်ရှေ့တွင်တော့ လူအစည်ဆုံးပင်။ နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များဟာ သင်္ကြန်သီချင်းပေါင်းစုံဖြင့် ခြိမ့်ခြိမ့်သဲ ဖျော်ဖြေနေ၍ဖြစ်သည်။

သဒ္ဒါနှင့် ရဲရင့်သည် ကားပေါ်တွင် လူမြင်မကောင်း၊ သူမြင်မကောင်း အဝတ်ကိုချွတ်လဲထား၍ အမိုက်စားပုံစံဖြင့်လန်းနေလေသည်။ နေကာမျက်မှန်ကိုယ်စီဖြင့် အရှေ့မှ မြောက်ကြွမြောက်ကြွ လျှောက်နေပုံမှာ မျက်စိဆံပင်မွှေးစူးစရာပင်။

" အစ်ကို နေပူတယ် ဦးထုပ်ဆောင်းထား...ရေတွေစိုရင် အပူလျှပ်လိမ့်မယ်"

ရေလိုအေးတဲ့ နွေလေးတစ်နွေ (ရေလိုအေးတဲ့ နွေလေးတစ်နွေ)Where stories live. Discover now