အပိုင်း (6)

Start from the beginning
                                    

နောက်တစ်နေ့မှာတော့ စုယွမ် က နိုးလာတဲ့ အခါမှာတော့ အေးခဲ သွားလေတယ်။

သူ့ရဲ့ မျက်လုံး တွေကို ဖွင့်လိုက်တာနဲ့ အအေးကို ခံစား မိတာကြောင့် စောင်ကို ဖြစ်ညှစ်လိုက်မိတယ်။ သူ့မျက်လုံးများ က ရွှီးဟယ်ရဲ့ အေးစက်နေတဲ့ အကြည့်တွေ ကို မြင်လိုက်ရတော့ တဖြေးဖြေး နဲ့ နိုးလာခဲ့တယ်။

'' ရွှီးဟယ် မင်းက ဒီနေရာမှာလား? ''

စုယွမ် က မြန်မြန်လေး ထလိုက်တယ်။

'' အခုက နေ့လည်ခင်းတောင် ဖြစ်နေပြီ သခင်မရဲ့ ။ ကောင်းကောင်း အိပ်ပျော်နေသားပဲ ''

စုယွမ် က တစ်ဖက်မှာ မတ်တပ်ရပ်လိုက်တယ်။ ရွှီးဟယ် ကတော့ စုယွမ် အတွက်မျှော်လင့်ချက် မရှိတော့ပါပေ။

မနေ့က မြွေဘုရင် က ဒီနေရာကို လာတယ်ဆိုတာ စီးထူယန် ဆီ ကနေ သူမ ကြားထားပြီးသား ဖြစ်ပေမယ့် သူက ဘာမှ မလုပ်သွားပါပေ။

စုယွမ် က မြွေဘုရင်ရဲ့ အာရုံကို လုံးဝ မဆွဲဆောင် နိုင်ဘူး ဆိုတာက အမှန်တရား ပဲ ဖြစ်လေတယ်။ ဘာကိစ္စ ပဲ ဖြစ်ပါစေ ဒီ စစ်တုရင် အရုပ်က လုံးဝကို ကွဲကြေ သွားပြီ ပဲ ဖြစ်လေတယ်။

ဒါကိုသာ အချိန်အတော်ကြာ ကတည်းက သိခဲ့ရင် သူမက စုတ်ပဲ့နေတဲ့ ခြံဝင်းထဲကို သွားပြီးတော့ နောက်ယှက်မနေတော့ပဲနဲ့ သူမ ဘာသာပဲ ကိစ္စတွေကို ကိုင်တွယ်လိုက် ပါတယ်။

အခု ဒီစစ်တုရင် က အသုံးမဝင်မှတော့ ရွှီးဟယ် က ဆက်ပြီး ဟန်ဆောင် မနေတော့ပဲ တိုက်ရိုက်ပဲ ပါးချ လိုက်တယ်။

စုယွမ် က ပြင်းထန်တဲ့ အားနဲ့ အတူ အရိုက်ခံလိုက်ရတာကြောင့် သူ့နောက် က နံရံနဲ့ ဝင်ဆောင့် မိသွားလေတယ်။ ပြီးတော့ မြေပေါ် ပြန်ကျ လာတာ နဲ့ ပါးစပ် အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်တော့တယ်။

သူက ရင်ဘက်ကို နာကျင်စွာ ဖိထားလိုက်ပြီးတော့ ထိုလက်ဝါး တစ်ချက်ကြောင့် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကြေလုနီးပါး ဖြစ်သွားတယ် လို့ ခံစားရလေတယ်။

သူက ရွှီးဟယ်ကို တုန်လှုပ်စွာနဲ့ ကြည့်နေခဲ့တယ်။ သူ့ကို ရိုက်လို့ တုန်လှုပ်စွာနဲ့ ကြည့်နေမိတာ မျိုး မဟုတ်ပါပဲနဲ့ သူက ဒီစိတ်ကူးယဥ် လောကရဲ့ ရက်စက်နက်ရှိုင်း မှုတွေကို အတော်လေး ကြောက်လန့် သွားလို့ပဲ ဖြစ်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now