အပိုင်း (6)

Start from the beginning
                                    

ညလယ်လောက်ထိ ဘာလှုပ်ရှားမှု မှ မရှိတဲ့ အတွက်ကြောင့် စုယွမ်တစ်ယောက် စိတ်သက်သာ ရာ ရသွားလေတယ်။ အခုက အတော်တောင် နောက်ကျ နေပြီ ဖြစ်ပြီးတော့ ထိုလူလာချင် ရင်တောင်မှ လာလို့ မရတော့ဘူးလေ။

စုယွမ် က ဒီအိပ်ယာနဲ့ ရင်းနှီး ပြီးသား ဖြစ်တာ ကြောင့် သူက လှဲပြီး စောင်လေး ခြုံကာ အသက်အနည်းငယ် ရှုထုတ်ပြီးနောက် အိပ်ပျော် သွားတော့တယ်။

လက်ဖက်ရည် ခွက်တစ်ဝက်လောက် သောက် အချိန်ရောက်တဲ့ အခါ အခန်းထဲက ဖယောင်းတိုင် အနီတွေက မီးလင်းလာတယ်။ မီးအိမ်တွေရဲ့ အလင်းရောင် အောက်မှာ အရိပ်ကျ နေတာကို တွေ့နိုင်မှာ ပဲ ဖြစ်လေတယ်။

ဟုတ်ပါတယ် စုယွမ်ရဲ့ အိပ်ယာဘေး မှာ တစ်ခြားလူ တစ်ယောက် ရပ်နေခဲ့တယ်။

ငွေရောင်ဆံပင် အနက်ရောင် မျက်လုံးတွေ ရှိကာ အေးစက်ပြီး ချောမောလှပတဲ့ ဟဲလျန်ချန်း ပဲ ဖြစ်လေတယ်။ ငွေရောင် မြွေမျိုးနွယ် တစ်ခုလုံးရဲ့ ကြီးမြတ်တဲ့ မြွေဘုရင် အရှင် ပါလေ။

သူက စုချင်းရှုကို အချိန်အတော်ကြာကြီး မေ့နေခဲ့တာ ဖြစ်ပြီးတော့ စောင့်ရှောက်သူ အကြီးအကဲ စီးထူယန် က သတိပေးတော့မှ ပဲ သူက ပြန်ပြီး မှတ်မိတာ ဖြစ်လေတယ်။

သူက အမျိုးသမီး တစ်ယောက် နဲ့ လိင်မှု ကိစ္စလုပ်ဖို့ စိတ်မဝင်စားပေ။ သူက ဒီကိုလာတာ မျိုး မဟုတ်ပေမယ့် ဒီနားကနေ ဖြတ်သွားမိတုံး စု မိသားစုရဲ့ ကြီးမြတ်လှတဲ့ အမျိုးသမီး က ဘယ်လို ပုံ ရှိသလဲ ဆိုတာကို သိချင်လို့ ဝင်လာကြည့်တာ ပဲ ဖြစ်လေတယ်။

တကယ်လို့ သူမ မှာသာ အခြေခိုင်မာတဲ့ ကျင့်ကြံမှု ရှိရင်တော့ သူက သူမကို မြိုချ လိုက်မယ်။ အဲ့တာက သူ့ရဲ့ ကျင့်ကြံရေးကို ပိုပြီး အစွမ်းတိုးစေ မယ် လေ။

( 😅😶)

ဟဲလျန်ချန်း က အိပ်ယာဘေး မှာ တိတ်တဆိတ် ရပ်နေခဲ့တယ်။ အိပ်ယာပေါ် က စုယွမ် ကတော့ အသံထွက်ပြီးတော့ အိပ်ပျော်နေကာ နှုတ်ခမ်းထောင့်မှာလဲ အပြုံးလေး တစ်ခု ရှိနေခဲ့တယ်။

ဟဲလျန်ချန်း ရဲ့ အနက်ရောင် မျက်ဝန်းတွေက အကြည့် လွဲလိုက်တယ်။ ရုပ်သွင် ကတော့ တကယ့်ကို ပြိုင်ဘက် ကင်းပေမယ့် ကျင့်ကြံမှု အမြစ်ကတော့ သာမန်သာ ဖြစ်တာကြောင့် သူက စိတ်ဝင်စားမှု မရှိ​တော့ပဲ ထွက်သွားလေတယ်။ အရိပ်ဟာ အခန်းထဲကို ဘယ်သူမှ မရောက်ခဲ့ သလိုမျိုး တဖြေးဖြေးနဲ့ ကွယ်ပျောက် သွားတော့တယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now