အပိုင်း ( 5.1)

Start from the beginning
                                    

ထိုကုန်ဆုံး ခဲ့တဲ့ ဆယ်နှစ်တာ က သူ့ရဲ့ အိမ်မက် တစ်ခု လိုပါပဲ။

အဲ့တာ ကတကယ် အစစ်အမှန် ဖြစ်ခဲ့တာလား ဒါမှမဟုတ် မဟုတ်ဘူး လား?

ဒါတွေက သူ့ရဲ့ အိမ်မက် သာသာ ပဲလား?

..................

တစ်ချိန်တည်း မှာပဲ အဓိက ဟောခန်းမ ကြီးထဲမှာ ရေခဲကျောက်စိမ်း ပင်တွေကို ငွေရောင်က ပတ်ထားပြီးတော့ ခန်းမ တစ်ခုလုံး ရေခဲတွေနဲ့ နှင်းတွေ ပြည့်နေခဲ့လေတယ်။ ထို အဖြူရောင်တွေ ဖုံးလွှမ်းနေတဲ့ ကြားထဲမှာ လူတစ်ယောက် က ထိုင်နေခဲ့တယ်။

ထို ငယ်ရွယ်ချောမောတဲ့ အမျိုးသားငယ် ဟာ နတ်ဘုရား တစ်ပါးနဲ့ တူနေပြီးတော့ ငွေရောင် ဆံနွယ်ရှည်ကြီး တွေကလည်း နဂါးငွေ့တန်း အစုအဝေး တစ်ခုလို ဖြာကျ နေခဲ့တယ်။

သူက ရေခဲပြာ ဝတ်စုံကို ဝတ်ဆင်ထားလေတယ်။ သူ့ရဲ့ လေ့ကျင့်ရေးကို လုပ်နေစဥ် မျက်လုံး တွေကို မှိတ်ထားပြီးတော့ မျက်နှာလေး က ငြိမ်းချမ်းနေကာ နှုတ်ခမ်းလေး တွေက လည်း ပြုံးနေခဲ့တယ်။ ပြီးတော့ သူ့ရဲ့ အမူအရာ က အရမ်းကို နူးညံ့ နေခဲ့တယ်လေ။

သူ့ပတ်ပတ်လည်မှာ လေထုတွေ စုဝေးလာကာ တိမ်တွေ ဖြစ်လာပြီး ပထမဆုံး ပြင်းထန်လာကာ အနက်ရောင် အဖြစ်တောင်မှ ပြောင်းလဲ သွားလေတယ်။

ဒါပေမယ့် တိကျသေချာတဲ့ အဆက်ကြောင်းလေး တစ်ခု ရောက်တဲ့ အခါ ထိုဟာ က ငွေရောင်တွေ အဖြစ် တစ်ဖြေးဖြေး ပြန်ပြောင်း သွားကာ အငွေ့အသက်တွေ ကလည်း တည်ငြိမ်လာလေတယ်။

အဆုံးမှာတော့ အငွေ့အသက်တွေ အကုန်လုံး က သူ့ဆီ ကနေ စုဆောင်းယူ ခြင်းကို ခံလိုက် ရတယ်လေ။ ထိုဟာပြီးတဲ့နောက် သူ့ကိုယ်ထဲမှာ အပြီးပြည့်စုံ ဆုံးဖြစ်တဲ့ စွမ်းအားစီးကြောင်း တစ်ခုက လှည့်ပတ် လာပြီးတော့ ထိုအမျိုးသားလေးရဲ့ စွမ်းအား က ​ပိုပြီးတော့တောင် အများကြီး တိုးပွား လာဟန်ပါပဲ။

အမျိုးသားလေး က ထိုအချိန်မှာ ပဲ သူ့မျက်လုံးများ ကို ဖြေးဖြေးချင်း ဖွင့်လိုက်တယ်။ သူ့မျက်လုံးများ ကတော့ အလွန်အမင်းကို မဲမှောင်နေခဲ့တယ်။ ထိုအချိန်မှာ ကြည့်ရတာက သူ့ရဲ့ မျက်ဝန်းအတွင်း ရေကန်ငယ် တစ်ခု ရှိနေသလို ပါပဲ။ ကန်ရဲ့ မျက်နှာပြင် ကလည်း တစ်​ဖြေးဖြေးနဲ့ ဆူပွတ် လာပြီးတော့ သူ့ရဲ့ ပါးစပ် ကနေ ခပ်တိုးတိုး ရေရွတ် လိုက်လေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now