Thingyan

813 58 5
                                    


Unicode

သင်္ကြန်အကြတ်နေ့……။

ဒီနေ့တော့မဏ္ဍပ်မှာရေလာဆော့တဲ့သူနည်းနေသည်။ အရင်နှစ်တွေကထက်တော့များတေယ်ဆိုပေမယ့် အကြိုနေ့နဲ့အကျနေ့ကတော့လူမများတော့။ အကြောင်းအရင်းကတော့ မဏ္ဍပ်ရဲ့နတ်သားလို့သတ်မှတ်ထားကြတဲ့အာဏာမလာသေးတာကြောင့်ပင်။

အရင်ရက်တွေကစောစောလာတတ်တဲ့သူကဒီနေ့နောက်ကျနေတာမို့နည်းနည်းတော့စိုးရိမ်မိသား။
မနေ့ကပင်ပန်းသွားလို့များတစ်ခုခုဖြစ်နေတာလား……။

"ကြိုးငယ်……"

မျှော်နေတဲ့သူကတစ်ယောက်ဆိုပေမယ့်လို့ကြားလိုက်ရတဲ့ခေါ်သံလေးကလည်းရင်ထဲအေးသွားစေတာတော့အမှန်။ အသံလာရာကြည့်မိတော့ပိတောက်ပန်းခက်တွေကိုင်ကာထုံးစံအတိုင်းပါးချိုင့်လေးတစ်ဖက်ပေါ်အောင်ပြုံးပြနေတဲ့ကျွန်တော့်ရဲ့နတ်သားလေး။

"ပိတောက်ပန်းတွေပွင့်နေတာတွေ့လို့…ကြိုးငယ်လိုချင်မလားဆိုပြီးယူလာခဲ့လိုက်တာ……"

"ဟီး……"

သွားတန်းဖြူဖြူလေးတွေပေါ်သည်အထိရယ်ပြရင်းပိတောက်ပန်းတွေလှမ်းယူတဲ့ကလေးကတကယ့်အသည်းယားစရာလေးပင်။
ပိတောက်ပန်းတွေကိုငေးနေတဲ့ကောင်လေးက ပိတောက်ပန်းလေးလိုပဲကိုယ့်ကိုစွဲလမ်းနေစေမှန်းဘယ်လိုများဖွင့်ပြောပြရမလဲကွယ်။

သိရဲ့လား ကြိုးငယ်……အခွင့်အရေးသာရခဲ့ရင်လေ ပိတောက်ပန်းလေးရဲ့အဓိပ္ပါယ်အတိုင်း မင်းကကိုယ်ရှားရှားပါးပါးတွေ့ရှိခဲ့ရတဲ့မြတ်နိုးဖွယ်ဆုလာဘ်လေးဖြစ်ကြောင်း တစ်ခါလောက်တော့ပြောပြချင်ပါရဲ့……။

"အစ်ကိုဒီနေ့စောတယ်နော်…လမ်းကြုံလို့ပဲလား……"

"ဟင့်အင်း…ကြိုးငယ်ဆီတမင်လာတာ……"

နတ်သားလေးကပါးချိုင့်လေးတစ်ဖက်ခွက်ဝင်အောင်ပြုံးပြရင်းစကားဆိုလာတာမို့ မဏ္ဍပ်ကတီးလုံးသံကျယ်ကျယ်တွေကြား ရင်ခုန်သံကလည်းတဒိတ်ဒိတ်။ အတော်ကြာကြာအထိအစ်ကို့ကိုငေးကြည့်နေမိတာ အစ်ကိုကဖုန်းပြောဖို့ခဏထွက်သွားတာတောင်မှကျွန်တော့်မှာကြောင်တောင်တောင်ကြီးရပ်နေခဲ့မိတုန်း။


ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now