To my reader

2K 67 14
                                    


Unicode

အာဏာတို့နဲ့ခွဲခွာချိန်ရောက်လာပါပြီဗျ…။

တကယ်တော့ကျွန်တော်လည်းမခွဲချင်သေးပါဘူး။ အာဏာကကျွနိတော်ဖန်တီးခဲ့သမျှထဲမှာအထူးခြားဆုံးနဲ့ခံစားချက်အနင့်နဲဆုံးလို့ပဲဆိုရမလား။ ကျွန်တော့်အတွက်လည်းမေ့မရတဲ့သူတစ်ယောက်ပါပဲ။
တကယ်ဆိုအာဏာနဲ့ပက်သက်ပြီးအမှတ်တရတွေလည်းအရမ်းများပါတယ်။ အထူးသဖြင့်နာမည်ကအစပေါ့။

တကယ်တော့အာဏာ့နာမည်ကို ' လင်းအာဏာစက် '  ဆိုတာထက် ' အာဏာစက် '  ဆိုတာကိုပိုပီပြင်စေချင်တာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့သြဇာအာဏာကြီးတဲ့လူငယ်တစ်ယောက်ရဲ့ပုံစံကိုပိုထင်ရှားစေချင်ခဲ့မိတာ။ ဒီထဲမှာလည်းအာဏာကဘယ်လောက်အထိသြဇာအာဏာရှိလဲဆိုတာတွေ့ရလောက်ပြီးပြီလို့တော့ထင်ပါတယ်ဗျ။

အာဏာရဲ့ပုံစံကိုလည်းကျွန်တော်ထူးခြားအောင်ဖန်တီးခဲ့မိတယ်။ ဒါ့အပြင် အာဏာ့ရဲ့ခံယူချက်ကိုလည်းဘယ်သူနဲ့မှမတူအောင်တမင်ဖန်တီးထားတာပါ။ အချစ်ကိုပဲရူးရူးမူးမူးကိုးကွယ်နေတဲ့အာဏာကဦးနှောက်မရှိလို့မဟုတ်ပါဘူးဗျ။ သူ့ရဲ့စိတ်ဒဏ်ရာတွေအားလုံးကလူတစ်ယောက်အပေါ်ကာကွယ်ပေးချင်တဲ့အတ္တတစ်ခုအဖြစ်ပြောင်းလဲသွားရုံပါ။ အစကနေအဆုံးအထိအာဏာကနှောင်ကြိုးဆီကနေဘာကိုမှမမျှော်လင့်ခဲ့တာကိုတွေ့မိလောက်မယ်လို့ထင်ပါတယ်။

နှောင်ကြိုးပျော်နေရင်သူကျေနပ်တာမျိုး။
နှောင်ကြိုးသာအဆင်ပြေနေရင်သူပါအဆင်ပြေနေတာမျိုး။
ပြောရရင် နှောင်ကြိုးဆီကအချစ်ကိုလိုချင်ပေမယ့်လည်း မရနိုင်ရင်တောင်သူကပြဿနာရှာမှာမဟုတ်တဲ့သူမျိုးပါ။

ကျွန်တော်နဲ့အတူတူongoingလိုက်ခဲ့ပေးတဲ့သူလေးတွေအားလုံးကိုတကယ်ပဲကျေးဇူးတင်ပါတယ်ဗျ။ နောက်ထပ်အချိန်တွေကြာခဲ့ရင်လည်း ကျွန်တော်တို့ရဲ့မျက်ဆံနီနီလေးတွေပိုင်ရှင်နတ်ဆိုးလေးကိုမေ့မသွားဖို့မျှော်လင့်ပါတယ်။ အကယ်၍ အမြဲသတိရနေဖို့အတွက်အဆင်မပြေရင်တောင် အချိန်စက္ကန့်ပိုင်းလေးလောက်ပဲဖြစ်ဖြစ်အာဏာ့ကိုမေ့မသွားပေးကြပါနဲ့လားဗျာ။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now