EP - 11

2.6K 186 2
                                    


Zawgyi

ဝဠာကအခန်းထဲအထိတွဲပို့ပေးသည်မို့ သူလည်းအသာငြိမ်နေလိုက်ရသည်။ မဟုတ်ရင် ဒီအဖိုးကြီးအိုပေါက်စကပေါက်ပေါက်ဖောက်လို့ဆုံးမှာမဟုတ်တော့မှန်းသူငယ်ချင်းပီပီအကြောင်းသိနေလို့ပင်။

"အားနည်းနေတာဆိုတော့ မနက်ဖြန်တစ်ရက်နားလိုက်……မင်းကိုယ်ကယိုင်နဲ့နဲ့ဖြစ်နေတာ…ကိုယ့်ကိုကိုယ်ပဲစိတ်ပူစမ်းပါကွာ……"

စကားစမည်ဟန်ပြင်ရုံရှိသေး တစ်ခါတည်းဆက်ပြောသွားလေသောဝဠာကြောင့် ပြုံးလိုက်မိသည်။

မိုးဝဠာဆိုသည်မှာကလေ အဲ့ဒီ့လိုလူမျိုး……။

"ပြုံးမနေနဲ့…ငါသွားပြီ……"

ပြောချင်ရာပြောပြီးထွက်သွားတဲ့ဝဠာဆီမှအကြည့်ခွာကာ ကျွန်တော်အကြည့်ရောက်မိသည်က ပြတင်းပေါက်မှတစ်ဆင့်အိမ်ငယ်လေးတစ်လုံးဆီသို့။

"သူငယ်ချင်းလို့တောင်မသတ်မှတ်ခဲ့ဘူးတဲ့လား နှောင်ကြိုးရယ်……"

တိုးဖွဖွသာရေရွတ်ရင်း ကျဆင်းချင်နေသည့်မျက်ရည်တွေကို လွှတ်ချပေးလိုက်မိတော့ တာကျိုးသည့်ရေလိုပါးပြင်ပေါ်စီးကျလာကြ၏။

နှောင်ကြိုးနှင့်ပက်သက်နေသည်မို့ စေခစားတို့ရဲ့အသိုင်းအဝိုင်းအကြောင်းကိုတိတ်ဆိတ်စုံစမ်းခိုင်းခဲ့လိုက်သည်။ အပြင်ပန်းတော့လူကြီးလူကောင်းအဆင့်အတန်းမြင့်မြင့်မိသားစုဆိုပေမယ့်လို့ မြွေမြွေချင်းခြေမြင်သည်ပဲပြောရမလား။ နောက်ကွယ်မှာလူတစ်ယောက်ကိုကြက်ကလေးငှက်ကလေးသတ်သလိုသတ်နေကြတဲ့လူတွေမှန်းသိခဲ့ရသည်။ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကိုဦးဆောင်နေတဲ့မိဘတွေအကြောင်း စေခစားဆိုသူကသိလောက်ပုံမပေါ်ပေမယ့် ယောက်ျားလေးချင်းအချစ်ကိုလက်မခံတဲ့သူတွေက သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ပက်သက်လာမည်ဆိုလျှင် နှောင်ကြိုးကိုရှင်းပစ်ဖို့ဝန်လေးနေကြမည်မဟုတ်။

ဒီအကြောင်းတွေကြောင့် စေခစားနဲ့မပက်သက်စေချင်သည်ကို သူလေးကအနိုင်ကျင့်ချုပ်ချယ်တယ်ထင်နေသတဲ့လေ။

"ဟူး……"

လေပူတစ်ချက်မှုတ်ထုတ်ရင်း မျက်ရည်တွေကိုသုတ်ဖယ်လိုက်မိတော့ ချစ်ရသူရဲ့ဓါးသွားသဖွယ်စကားတွေကိုပြန်အမှတ်ရစေလာပြန်သည်။

ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now