EP - 22

2.3K 154 2
                                    

Zawgyi

မထင်မှတ်ဘဲပြန်တွေ့ဆုံခဲ့ရတဲ့ ဒီကောင်လေး။ ရင်ခွင်ထဲတိုးဝင်လာပြီးမလွတ်တမ်းဖက်ထားတဲ့သူလေးကို အရမ်းလွမ်းနေခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကပြောလို့တောင်ကုန်နိုင်ပါ့မလား။ ဖော်မပြနိုင်တဲ့ဝမ်းသာမှုကြောင့် နေရာမှာပဲကျက်သေသေကာကျောက်ရုပ်လိုရပ်နေခဲ့မိတဲ့ ကျွန်တော်။
ခေါ်သံလေးမှလွဲ ၊ ပွေ့ဖက်ထားမိရုံမှလွဲ ဘာတစ်ခုမှမတုံ့ပြန်ဖြစ်။



သိပ်ချစ်ရပါတဲ့ ကြိုးငယ်………
ကိုယ်မင်းကိုသေမတတ်လွမ်းခဲ့ရပါတယ်။



"ကြိုးငယ်……"



"အဟင့်……"



ပြန်ထူးသံအစားရှိုက်သံသဲ့သဲ့လေးသာအသံပြုလာတဲ့ကလေးလေး။ ဒီကောင်လေးဟာလေ အပြင်ကပုံပန်းပုံစံသာပြောင်းသွားတယ် ၊ စိတ်လေးကတော့ကလေးဆန်နေတုန်း။



"ကြိုးငယ်……ကိုယ့်ကိုကြည့်……"



မျက်နှာနုနုလေးကိုလက်တစ်ဖက်နဲ့ဖွဖွလေးဆွဲယူကာမော့စေတော့ အရည်လဲ့နေတဲ့မျက်ဝန်းတွေနှင့်အတူပြန်ငေးကြည့်လာသည်။ ငိုထားတာကြောင့် မျက်နှာတစ်ခုလုံးကလည်းပန်းနုရောင်ပြေးလို့။ အခုမှသတိထားမိသည် ၊ ကြိုးငယ်ရဲ့ဆံနွယ်စတွေကအရင်လိုအညိုရောင်မဟုတ်တော့။



ကိုယ့်ရဲ့ကြိုးငယ်လေး……။



"ပြန်ကြရအောင်လေဗျာ……ကိုယ်ကြိုးငယ်ကိုလိုက်ပို့ပေးမယ်နော်……"



"ဟင့်အင်း……"



ခေါင်းလေးအသာခါပြကာရင်ခွင်ထဲတိုးဝင်လာသည့်ကောင်လေးကြောင့် လူကပြုံးမိရပြန်သည်။ ဖက်ထားလိုက်တာမှလည်းကော်နဲ့ကပ်ထားတဲ့အတိုင်း ခွာလို့တောင်ရပါ့တော့မလား။
ဒီကောင်လေး…ဆယ်နှစ်အတွင်းတော်တော်လေးချွဲတတ်လာတာပဲ……။



"ဒါဆို ကြိုးငယ်ကဒီမှာပဲအိပ်တော့မလို့လား……"



"အကိုနဲ့လိုက်ခဲ့မှာ……"



"ဟောဗျာ……"



မထင်မှတ်ထားတဲ့စကားကြောင့် အံ့သြရသူကကိုယ်ပါပင်။ ဒီကလေးကတော့သူ့စကားသူပဲသဘောကျနေလား ၊ မျက်နှာချိုလာသွေးပြနေသလားတော့မသိ။ သွားတန်းလေးတွေပေါ်အောင်ရယ်ပြနေသည့်ကောင်လေးက ဘာပဲဖြစ်ဖြစ်ချစ်စရာကောင်းပါ၏။



ဘယ်သူကကျွန်တော့်ရဲ့နှင်းဆီနီWhere stories live. Discover now