အပိုင်း (4.2)

Depuis le début
                                    

စားပွဲပေါ် က ဟင်းပွဲတွေက အရသာ ရှိပြီး အရောင်အဆင်း ပြည့်စုံကာ မွှေးရနံ့တွေ ​ပြန့်လွင့် နေခဲ့တယ်။

ငွေမြွေငယ်လေး က စားပွဲနားမှာ ရပ်နေကာ စားပွဲပေါ်ကို ကြည့်နေပြီးတော့ မနေနိုင်တော့ပဲ အနံ့ခံ မိလိုက်တယ်။

'' လာလေ။ အမြန်လာစားလှည့် ''

ငွေမြွေငယ်လေး က သူ့နှလုံးသား ထဲမှာ ​ကျိန်ဆိုလိုက်တယ်။ ဒါဟာ သူ့ဘဝမှာ ပထမဆုံး စားဘူးတဲ့ အကောင်းဆုံး အစားအစာ ဖြစ်ပြီးတော့ အနာဂတ်မှာ တစ်ခြားအရသာ ရှိတဲ့ အစားအစာ တွေ မရှိနိုင်ဘူးလို့ပေါ့လေ။

( ရှိလာရင် လည်း အသိအမှတ် မပြုပါဘူး)

ငွေမြွေငယ်လေး က အဲ့တာ တွေကို အနည်းငယ် လောက်တောင် မဖြုန်းတီး ချင်ပါပေ။ သူက အစားအစာတွေ အကုန်လုံး ကို စားပစ်လိုက်ကာ သူ့ဗိုက်လေး က လုံးဝန်း နေခဲ့တယ်။ သူက လေချဥ်တက်ပြီးတဲ့နောက် စတင်ပြီးတော့ ကြို့ထိုးလာခဲ့တယ်။

စုယွမ် က အဲ့တာကို ကြည့်ပြီးတော့ သူ့ဗိုက်လေးကို အသာလေး ပွတ်ပေးလိုက်တယ်။ စုယွမ်လည်း ပွတ်ပေးရော ​သွေမြွေငယ်လေး က အိပ်ပျော် သွားလေတယ်။ သူလည်း အိပ်ပျော်သွားရော နှုတ်ခမ်းထောင့်နား လေးမှာ စိတ်ကျေနပ်နေတဲ့ အပြုံးမျိုး ကို ဖော်ပြထားခဲ့တယ်လေ။

.....

စုယွမ် က ဒီနေရာမှာ ရောက်နေတာ ၅ ရ​က် ရှိပေမယ့် သူက နေ့ရက်တိုင်းကို သာယာစွာ ဖြတ်သန်း နေခဲ့လေတယ်။ နေ့တိုင်း ပါဝင်ပစ္စည်းတွေ ရှာတယ်။  အစားကောင်းတွေ လည်း လုပ်တယ်။ ပြီးတော့ ငွေရောက်ဖက်ထုတ်လုံး လေးဖြစ်လာအောင်ကျွေးတယ်။

အခုလို ငါးရက်သာ ကျွေးမွေးရသေးပေမယ့် မူလ က နဂို ပိန်ပါး နေခဲ့တဲ့ ငွေမြွေလေးမှာ အသားတစ်ချို့ ရှိလာပြီ ဆိုတာကို မြင်တွေ့ ရနိုင်လေတယ်။ စုယွမ်က ဒါကို တွေ့ပြီးတော့ အရမ်းကို အားရကျေနပ် နေခဲ့တယ်။ သူက ဒီလို ငဖောင်ရိုးလေး ကနေ ဝတုတ်မုန့်လုံးလေး ဖြစ်လာအောင် လုပ်ဖို့ ရည်ရွယ်ချက် အပြည့်ရှိလေတယ်။

ထိုနေ့မှာတော့ စုယွမ်နဲ့ ငွေမြွေလေးတို့ အပြင်ကို ထွက်ပြီးတော့ အစားအစာ ထပ်ရှာဖွေပေမယ့် ကောင်ငယ်လေး တစ်အုပ်နဲ့ ဆုံတွေ့ မိကြလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Où les histoires vivent. Découvrez maintenant