သူက အပြစ်မရှိသည့်ထိုဖြူဖြူလုံးလုံး Ruru systemကို ဒေါသတကြီး ရန်တွေ့လို့ပင်မဆုံးသေး ရုတ်တရက်သူ့နားထဲသို့ သီချင်းသံအချို့ဝင်လာ၏။ ထိုအသံက သူလှည့်ကြည့်စရာမလိုအောင်ရင်းနှီးပြီးသားအသံဖြစ်ပေ၏။

Systemက ဝမ်းသာအားရဖြင့် ဆိုသည်။

<ဇာတ်ကောင် - Kim Junkyu... Haruto၏ခုံဖော်... Jihoon၏ အရင်းနှီးဆုံးသူငယ်ချင်း...
ထူးခြားချက် - မည်သူတစ်ဦးတစ်ယောက်မှမမြင်ဖူးသည့် လျို့ဝှက် ရည်းစားတစ်ယောက်ရှိ...>

Harutoက သူ့ပုခုံးပေါ်က ထိုအကောင်ကို အမြင်ကပ်ကပ်ဖြင့် မျက်စောင်းတစ်ချက်ပိတ်ထိုးလိုက်သည်။

"အဲ့ရည်းစားရှိတယ်ဆိုတာကြီး ထပ်ကြီးတလဲလဲ ပြောနေရင် မင်းရဲ့အဲ့အသုံးမကျဘဲပေါက်နေတဲ့ လက်တိုတို ခြေတိုတိုတွေကို ဆွဲဖြုတ်ပစ်မယ်...တကယ်ပြောနေတာ...''

Systemက ပြန်ပြောသည်။

''အလုပ်အရပြောပြရတာပါ...စေတနာကိုမစောက်ကားပါနဲ့...ဒီမှာ ကျွန်တော့်ရဲ့ဒီလက်တိုတိုခြေတိုတိုတွေက အသုံးမဝင်ပေမယ့် ချစ်ဖို့ကောင်းတယ်ဗျ...''

Harutoက ထိုsystem၏ အရေးမပါသည့် ဖော်ပြချက်များကိုလျစ်လျူရှုလိုက်ကာ အခန်းထဲဝင်လာသည့် Junkyuကို ဝမ်းသာအားရ နှင့်လှည့်ကြည့်လိုက်သည်။

Junkyuက ဝက်ဝံရုပ်ကြီးတစ်ရုပ်ကို ပိုက်ရင်း သီချင်းတညည်းညည်းဖြင့် စည်းချက်အတိုင်း ဘယ်ယိမ်းညာယိမ်းဖြင့် ကနေလိုက်သေးသည်။ အခန်းထဲက ကျောင်းသားတွေအားလုံးက တစ်ထေရာတည်းတူသည့်မျက်နှာထားများဖြင့် နှာခေါင်းရှုံ့လိုက်ကြသော်ငြား Harutoမှာ Junkyu၏ ဤသို့ပေါ့ပါးသွက်လက်ပြီး ပတ်ဝန်းကျင်ဂရုမစိုက်သည့်ပုံစံကလေးက ချစ်စရာကောင်းသည်ဟုသာ တွေးလိုက်မိပေ၏။

Jihoonက သီးချင်းတကြော်ကြော်နဲ့ ကလိုက်ခုန်လိုက်ဖြင့် တော်တော်နှင့်အနားရောက်မလာနိုင်သေးသည့် Junkyuကို လှမ်းမေးလိုက်သည်။

''ဒါက ဘာလုပ်ဖို့တုန်း...!''

Junkyuက ဖြတ်ဖြတ်နဲ့ ပြေးလာပြီး Harutoနံဘေး၌ ဝင်ထိုင်လိုက်ပေ၏။ ထို့နောက် နားရွက်တက်ချိတ်တော့မလိုပြုံးလျှက်ဖြေသည်။

Again (Don't forget S2)[system]Where stories live. Discover now