13.2

1.4K 254 5
                                    

တကယ်တော့ အခန်းက အရမ်းငြီးငွေ့စရာကောင်းလို့ သခင်ကြီးကိုယ်တိုင် တီဗီဖွင့်တာဖြစ်ပေမယ့် ဒီစာကားကို ပါးစပ်ထဲမျိုချပြီး နောက်ဆုံးတော့ သူ့ဗိုက်ထဲကို ထည့်လိုက်ရသည်။

သခင်ကြီးမျက်နှာရအောင် ကယ်တင်ခဲ့တာ ဘယ်သူလဲ။

ဇုချီ hibiscus ကိတ်မုန့်(ခေါင်ရမ်းပန်းနဲ့ လုပ်ထားတဲ့ ကိတ်မုန့်) ကို နှစ်ကိုက်သုံးကိုက်စားလိုက်သည်။ရွှယ့်ကျွယ် အနိုင်ကျင့်ခံရတဲ့အသွင်အပြင်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရတယ်။ရယ်ချင်စိတ်ကို ထိန်းထားရတာကြောင့် ဗိုက်ကပါနာလာသလိုပဲ။

ရွှယ့်ကျွယ်ရဲ့ အချစ်နယ်ပယ်မှာ စစ်ပြန်တစ်ယောက်လိုထူးချွန်ပြီး ပန်းပေါင်းတစ်ထောင်နဲ့ အတွေ့အကြုံရှိစလို မိန်းမလိုက်စားတဲ့ အသွင်အပြင်ကို မကြည့်နဲ့။တကယ်တော့၊ ဒီလူရဲ့ ပြစ်ကင်းစင်မှုက စာရွက်တစ်ရွက်လို ဖြူစင်တယ်။ ဇုချီကျီစယ်လိုက်တဲ့ စကားအနည်းငယ်က သူ့အတွက် ထိခိုက်မှုဖြစ်စေသည်။

ထမင်းစားပြီးတဲ့ချိန်အထိ ရွှယ့်ကျွယ်ရဲ့ နားရွက်ထိပ်နဲ့ လည်ပင်းနားက နီရဲနေတာ မှေးမှိန်မသွားဘူး။

အိမ်ထိန်းက ဒီညစာကို တာဝန်ယူခဲ့တယ်။ ဇုချီအထူးသီးသန့်မှာ ထားတဲ့ ငန်းကင်မပါပေမယ့် သူ့အကြိုက်ဆုံး ကြက်သွန်ဖြူနံရိုးနဲ့ ဝက်သားပြုတ်ကိုထည့်ထားပေးတယ်။

အစာစားပြီးနောက် ဇုချီအရမ်းပျော်ရွှင်နေတယ်။သူက လုံးဝိုင်းဝိုင်းဗိုက်လေးကိုထိကာ အစာချေရန်အတွက် ပန်းခြံငယ်လေးထဲက နေပူစာလုံတဲ့နေရာမှာ လှဲနေလိုက်သည်။

ည မှောင်မိုက်နေပြီး အေးမြတဲ့ နွေရာသီလေပြေက သူ့ပါးပြင်အနှံ့ တိုက်ခတ်နေပြီး လူတွေရဲ့ နှလုံးသားကို တည်ငြိမ်စေတယ်။ဇုချီ လှဲလျောင်းပြီး သိပ်မကြာခင်မှာပဲ နွေးထွေးတဲ့ အဝါရောင်လမ်းမီးအောက်မှာ လမ်းလျှောက်လာတဲ့ ရွှယ့်ကျွယ်ကို တွေ့လိုက်ရသည်။သူ့လက်ထဲမှ တစ်ခုခုကို ကိုင်ထားသေးတယ်။

ရွှယ့်ကျွယ် သူလာရတဲ့ ရည်ရွယ်ချက်ကို မမေ့တော့ဘဲ တောရိုင်း ဂန္ဓာပန်းအမှုန့်ပါတဲ့ ပလတ်စတစ်အိတ်ကို စားပွဲပေါ် ပစ်ချကာ

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now