ကြည့်မကောင်းတဲ့သူတစ်ယောက်အဖြစ်
ရုပ်ဆိုးတော့လည်း ဘာဖြစ်လည်း ဒါသူလိုချင်တာပဲမလား?
ရုတ်တရက် ဇုချီကိုယ်အရှေ့ပိုင်း အေးခနဲ ဖြစ်သွားတာကိုခံစားလိုက်ရတယ်။ဇုချီနည်းနည်းလောက် စိတ်တည်ငြိမ်သွားတဲ့ အချိန်မှာပဲ သူအကျီက ပုဝါစ နှစ်ခုလို ရွှယ့်ကျွယ်လက်ထဲမှာ ဆွဲဖြဲခံလိုက်ရပြီး ဘေးမှာလွှတ်ပစ်ထားရတာကို တွေ့လိုက်ရတယ်။
ဇုချီ : "......"
သတိပေးသံ အကျယ်ကြီးတစ်ခု သူ့ခေါင်းထဲကမြည်လာတယ်။
ရန်သူဘက်က တိုက်ခိုက်နေပြီ!
ရန်သူဘက်က တိုက်ခိုက်နေပြီ!ရွှယ့်ကျွယ်ကိုသေလောက်တဲ့အထိ ဒေါသထွက်အောင်လုပ်ဖို့ စီစဉ်ထားတဲ့ အကြံတွေအကုန်လုံး အစအနမရှိ ပျောက်ကွယ်သွားတယ်။မျက်လုံးပြူးသွားပြီး အလန့်တကြား ထထိုင်ဖို့ လက်ကို အပြင်းအထန် ရုန်းကန်လိုက်တယ်။
ဒါပေမယ့် ရွှယ့်ကျွယ်က ကုတင်ပေါ်တက်ကာ လွယ်လွယ်ကူကူပဲ ဇုချီကို အိပ်ရာပေါ် ပြန်တွန်းချလိုက်ပြီး လက်ကို ကုတင်ပေါ်မှာ တင်းတင်းကြပ်ကြပ် ချုပ်ထားလိုက်သည်။
ရွှယ့်ကျွယ်ရဲ့ မျက်လုံးတွေက အေးစက်တဲ့အရိပ်ရောင်တွေနဲ့ ပြည့်နှက်နေတယ်။ ထိတ်လန့်နေတဲ့ ဇုချီ ကို ကြည့်ပြီး
" ငါ့ရဲ့ သည်းခံမှုကို မစမ်းသပ်ဖို့ မင်းကိုအကြိမ်ကြိမ် သတိပေးခဲ့တယ်"
စစ်မှန်တဲ့ယောင်္ကျားတစ်ယောက်က ဘယ်အချိန်မှာ အလျော့အတင်း လုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်တယ်။
ထိုစကားကို အပြည့်အ၀ ကျင့်သုံးပြီး ဇုချီအမှားဝန်ခံကာ ကောင်းကောင်းမွန်မွန်ပြောလိုက်တယ်။
"ကော ကျွန်တော်မှားမှန်း သိပါပြီ၊ ခင်ဗျားရဲ့ သည်းခံနိုင်စွမ်းကို ကျွန်တော်မစမ်းသပ်ခဲ့သင့်ဘူး၊ခင်ဗျားကပဲ သဘောထားကြီးကြီးနဲ့ ကျွန်တော့်ကို နည်းနည်းလောက် အလျှော့ပေးလိုက်ပါ ရတယ်မလားဟင်?"
ရွှယ့်ကျွယ်က ဇုချီကို မပြောင်းလဲတဲ့အမူရာနဲ့ ကြည့်လိုက်ပြီး သွားကြားထဲကနေ စကားလုံးနှစ်လုံးကို ညှစ်ထုတ်လိုက်တယ်
DU LIEST GERADE
လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]
Romantikလူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL] Fully credit to author 攀月亮, publisher and MiokiMidori (English translator) For Raw,MTL and E-tran link - kindly check my bio(IPWWOMC) I DON'T OWN THIS NOVEL.Retranslate from (MTLnovel) And English...