3

4.7K 791 23
                                    

လမ်းခွဲခြင်း

မင်းကိုယ်မင်း ဆယ်သန်းတန်တယ်လို့ ထင်လား



ဇုချီ တစ်နေကုန် ရေကူးကန်ဘေးမှာ အိပ်ပျော်သွားခဲ့တယ်။

အခုချိန်က ဆောင်းဦးရာသီမဟုတ်သလို ဆောင်းရာသီလိုအေးတဲ့ရာသီဥတုမျိုးမဟုတ်သော်လည်း ပန်းခြံလေးထဲမှာရှိနေတဲ့ သစ်ပင်တွေရဲ့ အရိပ်များနှင့် ထူထူထဲထဲအကိုင်းအခက် အရွက်တွေကို ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်က အလင်းရောင်အစက်အပြောက်များသဖွယ် ဖျန်းခနဲ၊ ကျောက်စရစ်လမ်းပေါ်မှာ ကျရောက်နေတယ်။ အတိုင်းအတာတစ်ခုအထိ တောတောင်သဘာဝ ငြိမ်သက်အေးမြတဲ့ ခံစားမှုကိုရစေသည်။

ဇုချီ က မှိန်းခနဲ ခေါင်းညွှတ်သွားတယ်။သူဘယ်လောက် ကြာအောင် အိပ်ပျော်သွားမိလည်းကို မသိပေ။ ပစ္စည်းပြုတ်ကျသံကြားတာကြောင့် ရုတ်တရက် နိုးလာခဲ့သည်။

ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက သူ့ဗိုက်ကို ထိလိုက်တာဘဲ၊ ဒါပေမယ့် သူ အိပ်ပျော်သွားချိန်မှာ အိမ်ထိန်းက သူ့ဗိုက်ပေါ်ကို စောင်ပါးပါးလေး အုပ်ထားပေးခဲ့တယ်။

ခနကြာတော့ ဇုချီတစ်ယောက် လေထဲမှာ ပျံ့နှံ့နေတဲ့ မွှေးကြိုင်တဲ့ ရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရတယ်။ ခေါင်းလှည့်ကြည့်လိုက်တော့ အစေခံတွေက အသားကင်ရင်း အလုပ်များနေတာကို မြင်လိုက်ရသည်။

"သခင်လေး နိုးလာပြီလား။"

ရှောင်ယာ ကပန်းကန်ပြားတစ်ချပ်ကို ကိုင်ပြီးပြေးလာကာ သူမရဲ့တောက်ပတဲ့မျက်လုံး တွေနဲ့ပြောလာတယ်

"သခင်လေးစားလို့ရအောင် ငရုတ်ကောင်းနည်းနည်း လေးပဲထည့်ထားတယ် နည်းနည်းလောက် မြည်းကြည့်ပါလား"

ဇုချီကပန်းကန်ပြားကို ကြည့်လိုက်တယ်။ ပန်းကန်ပြားပေါ်က အသားကင်တွေက ကြက်သွန်နီ၊တခြား ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနဲ့ရောစပ်ထားတဲ့အနံ့ထွက်နေပြီး နှာခေါင်းကို ရောက်လာတဲ့အခါမှာတော့ မသိစိတ်ကနေ တံတွေးမျိုချလိုက်မိတယ်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Opowieści tętniące życiem. Odkryj je teraz