4

4.7K 822 16
                                    

နေရာလွတ်

မြကျောက်က နေရာလွတ်ထဲဝင်နိုင်တဲ့ သော့ဖြစ်နိုင်တယ်

စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းလာတာမျိုး ကြုံ ပြီးတဲ့‌နောက် အခုလိုထူးဆန်းတဲ့အခြေနေမှာ တည်တည်ငြိမ်ငြိမ်နေနိုင်ခဲ့တယ်။

အရာအားလုံး ငြိမ်သက်သွားပြီး ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်လိုက်တော့ မြက်ခင်းပြင်ကအဆုံးမရှိ ကောင်းကင်နဲ့ထိစပ်တော့မလို အဆမတန် ကျယ်ပြန့်နေတာကို တွေ့လိုက်ရတယ်။ပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာ ငြိမ်နေတဲ့ ရှုခင်းပန်းချီကားတစ်ချပ်လိုပဲ၊ လေပြေတစ်ခုတောင် ရှိမနေဘူး။

မနီးမဝေးနေရာကနေ ရေစီဆင်းသံတချို့ ကြားနေရတာကြောင့် အသံလာရာအတိုင်း ရှာဖွေကြည့်လိုက်တော့ သူ့ရှေ့မှာ လှိုင်းထန်နေတဲ့ မြစ်တစ်စင်းကို တွေ့လိုက်ရတယ်။ မြစ်ကမ်းပါးမှာ ဝေဝေဆာဆာပွင့်ဖူးနေတဲ့အဝါရောင် ပန်းပွင့်တွေကိုပါ တွေ့လိုက်ရတယ်။

ဇုချီအနီးကပ် တိုးကြည့်လိုက်တော့ အစုလိုက်ပေါက်ရောက်နေတဲ့ တောရိုင်းဂန္ဓမာပင်တွေဖြစ်နေတယ်။

တောရိုင်းဂန္ဓမာပန်းပွင့်တဲ့ရာသီက စက်တင်ဘာလကနေ အောက်တိုဘာလအထိ ဆောင်းဦးပေါက်ရာသီမှပါ၊ဆောင်းဦးရာသီရောက်ဖို့က စောသေးတယ်လေ။ သဘာဝအရဆို တောရိုင်းဂန္ဓမာတွေ အခုလို အညွန့်တလူလူ မပွင့်သင့်သေးဘူး။

ဒါပေမယ့် အခုအချိန်မှာ ဒါက အရေးကြီးတဲ့အချက်မဟုတ်သေးဘူး...

ခနကြာတော့ ဇုချီကို လေထဲမှာပျံ့လွင့်နေတဲ့ လတ်ဆတ်တဲ့ရနံ့က ဆွဲဆောင်သွားတယ်။ သူ့ရဲ့ လေးလံတဲ့ ဗိုက်လုံးလုံးနဲ့အတူ ထိုင်ချလိုက်ပြီး တောရိုင်းဂန္ဓမာပင်အနားကိုတိုးကာ အသက်ပြင်းပြင်းတစ်ချက် ရှုရှိုက်လိုက်တယ်။

ချက်ချင်းပဲ ထူးဆန်းတဲ့အနံ့တစ်ခု သူ့နှာခေါင်းထဲကို လျင်မြန်စွာ တိုးဝင်လာပြီး ဇုချီတစ်ယောက် သန်းဝေလာတယ်။ ရုတ်တရက် သူ့ခေါင်းထဲမှာ ကမောက်ကမဖြစ်လာပြီး မထင်မှတ်ဘဲ နေရာမှာတင် တစ်ရေးတစ်မော အိပ်ချင်လာတယ်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now