9

4.7K 724 31
                                    

သင်ခန်းစာ

ဘယ်လိုတောင် ယုတ္တိမရှိတာတွေ ဖြစ်နေရတာလဲ!?



ဇုချီက ရှီဟောင်နဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပြီးသားပါ။သူတို့နှစ်ယောက်လုံးက အနုပညာလောကက သူတွေ ဖြစ်တာကြောင့် နှစ်ယောက်သားတွေ့ဆုံမှုကို ရှောင်လွဲနိုင်မှာမဟုတ်ဘူး။အဲ့နေ့က အခုလို စောစောရောက်လာမယ်လို့တော့ မထင်ထားခဲ့ဘူး။

တကယ်လို့ မူလဇုချီနဲ့ ရှီဟောင်သာ သာမန်ချစ်သူစုံတွဲဖြစ်ခဲ့မယ်ဆို ဇုချီဒီလောက်ထိ ရှီဟောင်ကို ခါးခါးသီးသီး ဆက်ဆံမှာမဟုတ်ဘူး။

ရှီဟောင်က မူလဇုချီရဲ့ ရုပ်ရည်ကိုစိတ်ဝင်စားပြီး တွဲနေစဉ်အတွင်းမှာလည်း မူလကိုယ်ကို စည်းမျဉ်းအတော်များများနဲ့ ထိန်းချုပ်ထားကြောင်း စာရေးဆရာရေးထားတာကို ဇုချီသတိရလိုက်မိသည်။အဲ့ဒီအချိန်တုန်း မူလကိုယ်က အရွယ်မရောက်သေးတာကြောင့် ရှီဟောင်ကမောက်ကမ လုပ်လို့မရတာကို နှမြောတသဖြစ်နေလောက်တယ်။ဒါကြောင့်သူက မုန်လာဥဖြူဖြူလေးကို စောင့်ရှောက်တဲ့ လယ်သမားအိုကြီးလို ပြုမူခဲ့သည်။မူလကိုယ်ကိုပဲအာရုံစိုက်ခဲ့သည်။

ရှီဟောင်စောင့်‌ရင်း စောင့်ရင်း နောက်ဆုံးတော့ ဖောက်ပြန်သွားတော့သည်။

ရှီဟောင်က တစ်ကြိမ်တည်းမှာ လူအများပြားနဲ့ ဖောက်ပြန်ရုံတင်မက ထန်မော့နျန်လို့ခေါ်တဲ့ တက်သစ်စကြယ်ပွင့် လေးကို ဇုချီအား အနိုင်ကျင့်ဖို့ ခွင့်ပြုပေးခဲ့သည်။မူလကိုယ်ရဲ့ ဇာတ်ကောင်နဲ့ ကြောညာတွေကို တစ်ခုပြီးတစ်ခု ခိုးယူကာ အနိုင်ကျင့်ခဲ့သည်။သူကတော့ ဘေးမှာနေရာယူပြီး ဘာမှမသိသလို ကန်းချင်ယောင်ဆောင်ကာ ပွဲကောင်းတစ်ခုလိုကြည့်နေခဲ့သည်။

တကယ်က ဒီအချက်တွေကြောင့်ပဲ ရှီဟောင်ကို လက်စားချေဖို့ ဇုချီဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ရှီဟောင် ဇုချီအပေါ် အဓိကကျူးလွန်ခဲ့တဲ့အချက်က မူလကိုယ်ကို ဆေးခတ်ပြီး ရှီဟောင်နဲ့လူမိုက်အဖွဲ့ခေါင်းဆောင်ရဲ့မိန်းမ ဖောက်ပြန်နေတာကို မူလကိုယ်မထုတ်ဖော်ရဲအောင် ခြိမ်းခြောက်ဖို့ မတော်တရော်ပုံတွေရိုက်ယူခဲ့သည်။

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now