13.1

1.9K 269 14
                                    

ကျီစယ်ခြင်း

"စိတ်ရှုတ်စရာကောင်းတာတွေကို အတော်လေး သဘောကျတဲ့ ကျွန်တော်နဲ့ကတော့ ပြဿနာပဲ"

သုံးမိနစ်ကုန်ဆုံးသွားပြီးတဲ့နောက် ဘယ်အချိန်ထဲက တိတ်ဆိတ်သွားမှန်းမသိတဲ့ ပတ်ဝန်းကျင်ကို ဇုချီတဖြည်းဖြည်း သတိထားမိသွားသည်။

သူ ခေါင်းကို လှည့်ကြည့်လိုက်တော့ မီးခိုးရောင်နဲ့ အနက်ရောင် ရောယှက်ထားတဲ့ ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားကာ သူ့ဘက်ကို ကိုယ်ကိုင်းပြီး ကြည့်နေတဲ့ ခန္ဓာကိုယ်အချိုးကျကျ လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။

ဇုချီ ကိုယ်တောင့်သွားပြီး ဆွယ်တာတလျှောက် တဖြည်းဖြည်း အပေါ်ကို ကြည့်လိုက်တယ်။

သူ့ကို ငုံ့ကြည့်နေတဲ့ ရွှယ့်ကျွယ်ရဲ့အကြည့်နဲ့ဆုံသွားသည်။

"......."

ရွှယ့်ကျွယ် ခေါင်းကို အနည်းငယ်ငုံ့ကာ ပါးစပ်ထောင့်က မပျော်မရွှင် တင်းကြပ်နေပြီး အကြည့်ကို အောက်နှိမ့်ချ ဇုချီကို စိုက်ကြည့်နေသည်။

သူဝန်ခံရမှာက ရွှယ့်ကျွယ် ရဲ့အသွင်အပြင်က ဝတ္ထုထဲမှာဖော်ပြထားတဲ့အတိုင်း တကယ်ပဲ 360 ဒီဂရီလုံး ကြည့်မကောင်းတဲ့နေရာ မရှိဘူး။

ဇုချီသေခါနီးအချိန်မှာ မြင်နေရ‌တာတောင် ထူထဲပြီးရှည်လျားတဲ့ မျက်တောင်မွှေးတွေအပြင် ဖြောင့်စင်းနေတဲ့ နှာတံနဲ့ ဝက်ခြံ အရိပ်အယောင်တောင်မရှိတဲ့ ဖြူစင်သန့်ရှင်းတဲ့ အသားအရေကို သူ သတိပြုမိနိုင်သေးတယ်

ဒီလူက အရမ်းချောတာပဲ!

သူ့နှလုံးသားထဲမှာ မနာလိုအားကျမှုတွေနဲ့ ပြည့်နှက်သွားတယ်။သူ့ဝိညာဉ်ကို ရွှယ့်ကျွယ်ရဲ့ ကိုယ်ထဲမပို့လိုက်တဲ့ ကံကြမ္မာကိုလည်း မုန်းတီးမိသည်။ မဟုတ်ရင် သူလပေါ်ရောက်နေတာ ကြာလှပေါ့။

"မင်း ကြည့်လို့ဝပြီလား?"

ရွှယ့်ကျွယ်ရဲ့ အသံက အေးစက်စက်ဖြစ်နေပေမယ့်ကြားရတာ တကယ်ပဲ သက်တောင့်သက်သာ ရှိတယ်။

ဇုချီ ဆက်မတွေးတော့ဘဲ ပြုံးစိစိနဲ့

"ခင်ဗျားကိုသာ ကြည့်နေရရင် ဘယ်တော့မှ လုံလောက်တယ်ဆိုတာ ရှိမှာမဟုတ်ဘူး"

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Where stories live. Discover now