အပိုင်း - ၁၂

841 159 10
                                    

Unicode

လူတွေကိုစိတ်မချမ်းမသာဖြစ်အောင် တမင်လုပ်ခြင်း
______________________________

'' ရှောင်ချဲ့! ''

အော်သံတွေကြားလို့ အိပ်ခန်းထဲကနေ အတင်းပြေးထွက်လာတဲ့ယွင်ယောင်တစ်ယောက် ယွင်ချဲ့၏လုပ်ရပ်များကို သဘောမတူစွာကြည့်လိုက်သည်။ ယွင်ချဲ့ကလည်း သူ့အစ်မထွက်လာတာကိုမြင်သည်နှင့် ချက်ချင်း ချောမောကြည့်ကောင်းသည့် sunny boyလေးအဖြစ်ပြောင်းသွားကာ စားပွဲပေါ်က အရွက်ကြော်ဟင်းတွေကိုကြည့်ပြီး တုံ့ဆိုင်းခြင်းမရှိ နယ်မြေထဲကနေ စားပွဲတစ်လုံးသပ်သပ်ထပ်ထုတ်လိုက်သည်။ ထို့နောက် သူမနေ့ကချက်ထားသည့် ငရုတ်အနှစ်ငါးချက်၊ ဂျင်းတောက်တောက်စင်းအမဲသားကြော်၊ ဝက်စွပ်ပြုတ်နှင့် မုန်ညင်းကြော်တို့ကိုပါ စားပွဲပေါ်တင်လိုက်လေသည်။ နယ်မြေရဲ့ အပူနဲ့အရည်အသွေး ထိန်းသိမ်းပေးနိုင်စွမ်းကြောင့် ဟင်းတွေက အခုလေးတင်မှဖိုပေါ်ကနေချသလိုမျိုး အငွေ့တလူလူထွက်နေတဲ့အတွက် မနေ့ကချက်ထားတဲ့ဟင်းတွေဆိုပေမဲ့လည်း မသိလျှင်အခုချက်ချင်းချက်လိုက်သလိုပင်။

'' ရှောင်ချဲ့ နင်......... ''

ဒါကမှော်အတတ်များလား။ ယွင်ယောင်တစ်ယောက် ယွင်ချဲ့ကို လက်ညှိုးတစ်ထိုးထိုးလုပ်လိုက် ဘယ်နေရာကနေပေါ်လာမှန်းမသိသည့် စားပွဲနှင့်ဟင်းပွဲတွေကို လက်ညှိုးတစ်ထိုးထိုးလုပ်လိုက်ဖြင့် ကြောင်အနေခဲ့သည်။ သူ့မောင်အကြီးဆုံးလေးက ဘယ်အချိန်ထဲကနေ ဒီလောက်အထိ အစွမ်းထက်သွားတာလဲ။

ဧည့်ခန်းထဲက မသက်ဆိုင်တဲ့လူတွေလည်း ယွင်ချဲ့လေထဲကနေ ပစ္စည်းတွေထုတ်ပြနေတာကိုကြည့်ရင်း သူတို့မှာအံ့သြမှင်သက်နေကြသည်။ ကမ္ဘာပျက်ကပ်က အခုမှစတာဖြစ်သည့်အတွက် လူအများစုမှာ သဘာဝလွန်စွမ်းအင်က ဘာဆိုတာတောင်မသိကြသေးပါ။ ထို့ကြောင့် ပစ္စည်းတွေကိုသိုလှောင်ထည့်သိမ်းနိုင်သည့် ရှားမှရှား နေရာလွတ်စွမ်းအင်အကြောင်းဆိုရင်တော့ ပြောမနေနဲ့တော့။

'' wowww ကျို့ကျိုက မိုက်လိုက်တာ! ''

ချန်ဖက်တီးလေးတစ်ယောက်ပဲ သူ့ဦး​လေးမျက်လှည့်ပြနေတာကို ကြည့်နေရသလိုမျိုး ဝမ်းသာအားရ လက်ခုပ်ထတီးလေသည်။ ယွင်ချဲ့ကလေးကိုကောက်ချီလိုက်ကာ ထိုင်ခုံတွေ၊ ပန်းကန်တွေ၊တူတွေထုတ်ပြီး အခုအချိန်အထိ ကြောင်အစွာရပ်ကြည့်နေသေးသော ယွင်ယောင်ဘက်လှည့်ပြီး အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်ရသည်။

ချောင်ယန်အဖွဲ့ခေါင်းဆောင်၏ ကြင်သူသက်ညှာ [ ဘာသာပြန် ]Where stories live. Discover now