အပိုင်း - ၉

1K 176 8
                                    

Unicode

ကမ္ဘာပျက်ကပ်ကြီး စပြီ၊ ကျိုးမိသားစု
________________________________

ယွင်ချဲ့ ပြောသလိုပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတိအကျပြောရလျှင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နှင်းတွေ တဖွဲဖွဲကျလာခဲ့သည်။ ထိုရုတ်တရက်ဆန်သည့် နှင်းဖွဲဖွဲကျမှုကြောင့် အဝေးပြေးလမ်းမကြီး ခဏပိတ်ခံထားရကာ ယွင်ချဲ့လည်း အဝေးပြေးလမ်းမပေါ်မှာပဲ နာရီပေါင်းများစွာ သောင်တင်နေခဲ့သည်။ အရှေ့ဘက်ကနေ နေထွက်လာချိန် ရုတ်တရက်ကြီး စူးစူးဝါးဝါးအော်သံတစ်ခုကြားလိုက်ရကာ ငြိမ်သက်တိတ်ဆိတ်နေသည့် ကမ္ဘာကြီးလည်း တခဏချင်းပြိုလဲသွားလေသည်။ ထို့နောက် လမ်းပေါ်မှာပဲဖြစ်ဖြစ် အိမ်ထဲမှာပဲဖြစ်ဖြစ် အော်သံတွေ တစ်သံပြီးတစ်သံ ဆက်တိုက်ထွက်ပေါ်လာကာ တစ်လောကလုံးဆူညံပွက်လောရိုက်ကုန်သည်။ စိတ်မကောင်းစွာပဲ ကမ္ဘာပျက်ကပ်ကြီး တကယ်ဖြစ်လာခဲ့ပြီ။

'' အဟွတ် အဟွတ်... ချန်ချန် မကြောက်နဲ့နော် ကျို့ကျိုက မားမားတို့ကို ခဏနေလာခေါ်တော့မှာ လိမ္မာတယ် ''

ကျန်းချန်စီရင်စု ကျောင်းယန်လူနေအိမ်ယာ ရှစ်လွှာတွင် ယွင်ယောင်တစ်ယောက် ကြောက်လန့်တကြားဖြစ်နေသည့် ချန်ချန်လေးကို ရင်ခွင်ထဲထည့်ပြီး ချော့နေရသည်။ သူမရဲ့ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်ခြင်းအားဖြင့် ကျိန်းသေပေါက် နေမကောင်းဖြစ်နေပြီမှန်း သိသာလှသည်။ တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ထားတယ်ဆိုလျှင်တောင် နားမခံသာအောင်ဆူညံနေသည့် စူးစူးဝါးဝါးအော်ဟစ်သံတွေကို အထဲကနေ အတိုင်းသားကြားနေရတာကြောင့် သူမရဲ့ခန္ဓာကိုယ်သေးသေးလေးကလည်း အတိုင်းမသိတုန်ယင်နေသည်။

''မားမား မားမား..... ''

ချန်ဖက်တီးလေးလည်း သူ့အမေလည်ပင်းကို လက်ဝတုတ်လေးနှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ်ဖက်ထားကာ ကြောက်လန့်တုန်ယင်လျှက်ရှိသည်။ သို့သော် သူ့အမေက အော်မငိုရဘူးဟု ပြောထားတာကြောင့် မငိုရဲသဖြင့် သူ့ရဲ့မျက်လုံးရွဲကြီးများက မျက်ရည်များဖြင့်ပြည့်လျှံနေသည်။

ချောင်ယန်အဖွဲ့ခေါင်းဆောင်၏ ကြင်သူသက်ညှာ [ ဘာသာပြန် ]Where stories live. Discover now