အပိုင်း - ၄

1.7K 306 17
                                    

Unicode

အစွမ်းအသစ်! တန်ဖိုးကြီးတဲ့ ဓားတစ်လက်
________________________________

'' ဟောဟဲ ဟောဟဲ...... လခွမ်း! မင်းကိုက်လို့ ငါ့ဘောင်းဘီပြဲတော့မှာပဲ မင်းကတကယ့်ခွေးပဲ! ''

ယွင်ချဲ့မမောခင်အချိန်အထိ လူတစ်ယောက်နဲ့ သားရဲတစ်ကောင် မြေပြင်ပေါ်အကြာကြီးလှိမ့်နေကြကာ ဒီကိုလာတိုင်း ချောကလက်ချောင်းလေးတွေပေးမည်ဟု ကတိပေးလိုက်မှ သားရဲကြီးက ကိုက်ထားသည့်ဖင်ကို ကြင်ကြင်နာနာဖြင့် ပြန်လွှတ်ပေးလေသည်။ ယွင်ချဲ့ဘောင်းဘီကို ဆွဲချွတ်ကာ နောက်လှန်ကြည့်လိုက်တော့ လက်မအရွယ်လောက်ရှိသည့် အပေါက်တွေကို တွေ့လိုက်ရသည်။

''ငါ့ကိုအနိုင်ကျင့်လို့ရတယ်လို့ မင်းကိုဘယ်သူကပြောထားလဲ! ''

ဟေးယွီတစ်ယောက် ဘဝင်လေဟပ်နေသည့်မျက်နှာထားဖြင့် ခေါင်းကိုမော့ကာ ဆူပုပ်ပုပ်ပြောလာသည်။

''လူတိုင်း ဒီနယ်မြေကိုဝင်လာနိုင်တာမဟုတ်ဘူး သေခြင်းရှင်ခြင်းကို ထိတွေ့ဖူးသူမှ ကံကောင်းလွန်းလို့ ဒီထဲမျက်စိလည်ပြီးရောက်လာနိုင်တာ သခင့်ဆီမှာ သူများတွေ မတွေ့ကြုံ၊မခံစားဖူးတဲ့အရာတစ်ခုခု ရှိနေလို့နေမှာပေါ့ ''

ဟမ်? ပြန်လည်မွေးဖွားလာလို့များလား?

ယွင်ချဲ့ မြူတွေဖုံးနေသည့် နယ်မြေကိုလှည့်ပတ်ကြည့်လိုက်သည်။ ဟေးယွီပြောတာတွေသာ အမှန်ဆိုလျှင် သူဒီထဲကို ဘာလို့ရုတ်တရက်ကြီးဆွဲခေါ်ခံလိုက်ရပြီး ဘာလို့ဒီနယ်မြေ၊ဒီသားရဲရဲ့ပိုင်ရှင်ဖြစ်လာရမှန်း နည်းနည်းလေး နားလည်သဘောပေါက်သွားပြီဖြစ်သည်။

''ဒါဆို ငါဒီထဲကို ဘယ်လိုဝင်ထွက်ရမလဲ ''

နယ်မြေစွမ်းအားရှင်တွေလို စိတ်စွမ်းအင်နဲ့ထိန်းချုပ်ပြီး ဝင်ထွက်ရင်ရလောက်လား။

''ဝင်ချင်တယ်လို့တွေးလိုက်ရင် ဝင်လို့ရပြီလေ ထွက်ချင်တယ်လို့တွေးလိုက်ရင် ထွက်လို့ရပြီ ဒါပေမဲ့ သခင်မထွက်သွားခင် အရင်ဆုံး ပိထန်ရေကန်မှာ သခင့်ကိုယ်ပေါ်က အညစ်အကြေးတွေကိုသွားဆေးလိုက်ပါဦး အရမ်းပျော့လွန်းသေးတယ် သခင်ရယ် ''

ချောင်ယန်အဖွဲ့ခေါင်းဆောင်၏ ကြင်သူသက်ညှာ [ ဘာသာပြန် ]Where stories live. Discover now