အပိုင်း - ၁

2K 332 12
                                    

Unicode

ကမ္ဘာပျက်ကပ်မတိုင်ခင် ပြန်လည်မွေးဖွားလာခြင်း
________________________________

''ဟာ့! ''

တိတ်ဆိတ်သည့်ညသန်းခေါင်ယံမှာ ယွင်ချဲ့တစ်ယောက် ဟွားရှတက္ကသိုလ်အဆောင်ရှိ အိပ်ရာပေါ်ကနေ လန့်နိုးလာခဲ့သည်။ သူ့နှလုံးက အပြင်းအထန်ခုန်ပေါက်နေကာ ညအိတ်ဝတ်စုံလေးမှာလည်း ချွေးတွေဖြင့်စေးကပ်နေပြီး ရင်ဘက်တစ်စုံက နိမ့်ချည်မြင့်ချည်ဖြင့် ရေအနှစ်ခံထားရသူတစ်ယောက်လို အသက်ကိုအလုအယက်ရှိုက်ရှူနေရသည်။ သူလှဲနေရာမှထလိုက်ကာ ဘေးဘီဝဲယာကိုကြည့်ရင်း

''ဒါက....... ''

အဆောင်?

သူ့နှလုံးမှာ အပြင်ကိုထွက်ကျတော့မတတ် ခုန်လှုပ်နေကာ နှလုံးခုန်သံအနည်းငယ်ငြိမ်သွားအောင် ဘယ်အချိန်အထိစောင့်လိုက်ရမှန်း သူမမှတ်မိတော့ပါ။ စိတ်နည်းနည်းငြိမ်သွားမှ သူရောက်နေတဲ့နေရာကို ဝေ့ဝဲကြည့်မိသည်။ သူ့မျက်လုံးထဲရောက်လာသည့်မြင်ကွင်းမှာ စမ်းသပ်ကုတင်ပေါ်တွင်သာ မီးဆိုင်းကြီးထိုးထားပြီး ပတ်ပတ်လည်က မီးမှိန်နေသည့် ဓာတ်ခွဲခန်းတစ်ခုမဟုတ်ပါ။ အသက်ဝိညာဥ်ပျောက်ဆုံးနေသည့် ကမ္ဘာပျက်ကပ်မဟုတ်ပါ။ တောက်ပကြည်လင်နေသည့် လရောင်အောက်မှာ နှစ်ထပ်ကုတင်တွဲတွေ၊ မီးခိုးရောင် နံရံနှင့် ကြမ်းပြင်ပေါ် ပြန့်ကြဲနေသည့် ဖိနပ်တွေ၊ ခြေအိတ်တွေကို ​အတိုင်းသားမြင်နေရသည်။ ယွင်ချဲ့တစ်ယောက် ဒီမြင်ကွင်းကို အရမ်းရင်းနှီးနေသည်။ ဒါက ကမ္ဘာပျက်ကပ်မစတင်ခင် သူတို့ တက္ကသိုလ်အဆောင်ခန်းက မြင်ကွင်းဖြစ်သည်။

ဖုန်း!

အခြေအနေတွေကို အချိန်မှီပြန်လည်မတုံ့ပြန်နိုင်သေးသည့် ယွင်ချဲ့တစ်ယောက် ခေါင်းထဲ ထိုစကားလုံးကရုတ်ချည်းပေါ်လာသည်။ အရင်က ဖုန်းဘယ်နားထားတတ်မှန်း ခဏလောက်ပြန်စဥ်းစားလိုက်ရကာ နောက်မှ ခေါင်းအုံးအောက်ကနေ ဆွဲထုတ်လိုက်ရလေသည်။ သူ မြန်မြန်ဖွင့်ကြည့်လိုက်တော့ ဖန်သားမျက်နှာပြင်ပေါ်မှာ ဖေဖော်ဝါရီလ 15ရက် 20XXဟု ပေါ်လာသည်။

လကုန်တာနဲ့ ဇွန်ဘီးကပ်စတော့မယ်!

ဆိုတော့ သူက ကမ္ဘာပျက်ကပ်မစသေးတဲ့အချိန်ကို ပြန်ရောက်သွားတာလား???

ချောင်ယန်အဖွဲ့ခေါင်းဆောင်၏ ကြင်သူသက်ညှာ [ ဘာသာပြန် ]Where stories live. Discover now