Synopsis

12.4K 601 102
                                    

Unicode

ယွင်ချဲ့ _____ ကမ္ဘာပျက်ကပ်မှာတောင် ရှင်သန်နိုင်တဲ့လူတစ်ယောက်၊ သူ့ရဲ့ခမ်းနားကြီးကျယ်တဲ့စွမ်းအားကြောင့် စစ်တပ်ကတောင် သူတို့ဆီလာဖို့ အလိုရှိနေတဲ့သူ၊

သို့သော် ယွင်ချဲ့မှာ ချစ်သူဆိုသောအကောင်၏ လက်ချက်ဖြင့် မရှုမလှသေဆုံးသွားခဲ့သည်။ ထို့နောက် ကမ္ဘာပျက်ကပ်မရောက်ခင် ပြန်လည်မွေးဖွားလာခဲ့သည်။

ရှင်ဖုန်း ______ စစ်တပ်ရဲ့တတိယမျိုးဆက်၊ အကြောင်းကြောင်းကြောင့် အသက်၂၀နဲ့ စစ်တပ်ထဲကထွက်လာပြီး စီးပွားရေးလမ်းကြောင်းထဲ ဝင်လိုက်တဲ့လူ၊

ရှင်ဖုန်းဟာ ကမ္ဘာပျက်ကပ်မဖြစ်ခင် တစ်ရက်အလိုမှာ ယွင်ချဲ့ဖြင့်တွေ့ဆုံခဲ့သည်။ ထိုအချိန်ကစပြီး သူ့ဘဝနေ့သစ်များ စတင်ခဲ့လေသည်။

''မင်း ရှောင်ချဲ့ကို မနှုတ်ဆက်တော့ဘူးလား ''

တစ်ခုသောနှစ်၏ တစ်ခုသောရက်မှာ Major General(ဗိုလ်ချုပ်) မော့ဝမ်းယန်တစ်ယောက် ဆွေးနွေးစရာကိစ္စများရှိသဖြင့် ရှင်ဖုန်းဆီ လူကိုယ်တိုင်ရောက်လာခဲ့သည်။ ရှင်ဖုန်းဆီမှ ထိုကဲ့သို့ ဖိတ်ခေါ်သံကို ကြားလိုက်ရသည့်အခါ မော့ဝမ်းယန်မှာ ကြောက်လွန်းသဖြင့် သေးထွက်ကျလုနီးနီးပင်။

''လာနောက်မနေနဲ့ ဘယ်သောက်ကျိုးနည်းကောင်ကများ မင်းအိမ်က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကြီးနဲ့တွေ့ရဲမှာလဲ ငါ့ကိုသေစေချင်နေတာလား ''

''.......''

ရှင်ဖုန်းတစ်ယောက် ရုတ်တရက်ကြီး ပြောစရာစကားမဲ့သွားသည်။ မော့ဝမ်းယန် ပထမတစ်ခေါက် အိမ်ကိုလာစဥ် သူတို့မိသားစုရှောင်ချဲ့လေးမှာ တဖက်လူကို ကိုယ့်အမေပြန်မမှတ်မိလောက်အောင် အထိပဲ ထိုးကြိတ်လိုက်မိတာဖြစ်သည်။ အဲ့လောက်တောင် ဖြစ်နေစရာလိုလို့လား? သူနားမလည်နိုင်ပေ။

云澈 (ယွင်ချဲ့) MC Shou
刑锋 (ရှင်ဖုန်း) ML Gong

_______________________________

ပြောရရင် ဒီဇာတ်လမ်းက လုံးဝ ယုတ္တိမဆန်ပါဘူး။ ဖတ်နေရင်းနဲ့ မဖြစ်နိုင်လိုက်တာ မကောင်းဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ Niniကတော့ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထဲမှာကိုယ်ကြိုက်တာတွေအကုန်ပါတယ်ရယ်။ Rebirth ဖြစ်တယ်။ Revenge လုပ်တယ်။ Team Workတွေနွေးနွေးထွေးထွေးတွေ့ရမယ်။ Zombie တွေနဲ့တိုက်မယ်။ အစွမ်းတွေလည်းပါမယ်။ ကလေးလည်းမွေးမယ်။ ကျင့်ကြံရေးလည်းပါသေးတယ် 🤣 ပြီးရင် အတွဲတွေလည်းအများကြီးပါတယ်။ တစ်ယောက်တစ်မျိုးစီကို ချစ်ဖို့ကောင်းနေတာ။ ကမ္ဘာပျက်ကပ်ကိုမြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖတ်ရမှာပေါ့နော်။

ချောင်ယန်အဖွဲ့ခေါင်းဆောင်၏ ကြင်သူသက်ညှာ [ ဘာသာပြန် ]Dove le storie prendono vita. Scoprilo ora