Episode- 2[Unicode]

344 35 0
                                    

"ဘာ...ငသျှန်း....မင်းကို...ကောင်မလေးတစ်ယောက်က...ဟားဟားဟား....ဒီကောင်အိပ်မက်တွေများမက်နေတာလားကွာ..."

သူငယ်ချင်းတွေက လက်ညှိုးတစ်ထိုးထိုးနှင့် ဝိုင်းစနေကြ၍ သျှန်းတစ်ယောက် မှုန်ကုတ်နေ၏။

"ဟ...ငါတကယ်ပြောနေတာ...မယုံလည်းမင်းတို့အပိုင်းပဲ..."

သျှန်းတစ်ယောက် စားပွဲကို ဘုန်းခနဲ ရိုက်လိုက်ရင်း အသံနည်းနည်းမာသွား၏။

"အေးပါကွာအေးပါ...ဒါနဲ့ နေပါဦး..အဲ့ကောင်မလေးက..ဘယ်လိုပုံစံမျိုးလဲ.."

ထိုအခါမှ သျှန်း၏ဒေါသတို့က ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရကာ မျက်ဝန်းထဲ၌ ထိုမိန်းကလေး၏ ပုံရိပ်တို့က နေရာပြန်ယူလာလေ၏။

"လှတာတော့အရမ်းလှတာကွ...ငါ့ထက်တော့ကြီးမယ့်ပုံပဲ...သူ့ပုံစံက ခဲရောင်ဆံပင်အလိပ်လေးတွေနဲ့...ပိန်ပိန်သွယ်သွယ်..LCDလေးကွာ...အသားလေးကလည်း ဖြူဖွေးနုဖတ်အုအက်နေတာပဲ...အား...ပြန်တွေးရင်တောင် ရင်တွေခုန်လာပြီ....ငါ့ကိုကြည့်နေတဲ့ သူ့မျက်ဝန်းလေးတွေကလေ...မှိုင်းညို့ရီဝေပြီးတော့...ဟိုကွာ..ချမ်းချမ်းသီချင်းထဲကလို..ကြည်ပြာရီဝေသော..အကြည့်နဲ့ညှို့တဲ့သူ...အမ်း...အဲ့ဒါမျိူး..."

"ဟ...ညွှန်းလာချည်လားငါ့ကောင်ရ.."

သူငယ်ချင်းတွေကပါ အချွန်နှင့် မ ပေး၏။

"အေးကွာ...တကယ်လှတာကွ...နှာတံလေးကလည်းစင်းနေတာပဲ...မျက်ခုံးလေးတွေကဆို..ဇင်ယော်တောင်မျက်ခုံးလေးဗျား..ထူထင်းနက်မှောင်နေတာပဲ...နှုတ်ခမ်းပါးလေးတွေဆိုလည်း ရဲနေရောပဲ...အဟိ..ပြီးတော့..."

"ကဲကဲ..မပြီးတော့နဲ့ကိုယ့်လူ...တော်လောက်ပြီ...မင်းကောင်မလေးအကြောင်း ညွှန်းတာထိုင်နားထောင်တာနဲ့တင် မိုးဆုံးဆုံးချုပ်ပြီးနောက်နေ့ကူးသွားလိမ့်မယ်..."

သျှန်းမျက်လုံးကလေးတွေ အရောင်တောက်သွားရ၏။

"ဘယ်..ဘယ်လို...မင်းခုနက.....တစ်ခေါက်လောက်ပြန်ပြောစမ်းပါဦး...ဘာတဲ့..မင်းကောင်မလေး...အဟိ.."

အရူးတစ်ပိုင်းဖြစ်နေသော သျှန်း၏ နားရင်းကို သူငယ်ချင်းဖြစ်သူက တစ်ချက်ဖြတ်အုပ်လိုက်၏။

မြကြေးမုံWhere stories live. Discover now