ညနေခင်းတစ်ခု
အေးချမ်းပြီးငှက်လေးတွေအတော်အတန်ခြံထဲကစားပျော်မြူးနေသည်။ဒေါက်..ဒေါက်
"ဝင်ခဲ့ပါ.."
သူ့ရဲ့ခွင့်ပြုသံအဆုံးဘိုဟီးကအခန်းထဲကိုဝင်လာသည်။
"မောင်..ညကြရင်ခရီးသွားမှာမှတ်လား..အဲ့တာဘိုဟီးမောင့်အတွက်ခရီးဆောင်အိတ်ပြင်ပေးဖို့.."
"ကျေးဇူးပါဘိုဟီး.."
"မောင်ကလဲ..ဘိုဟီးတို့ကလင်မယားတွေပဲလေအိမ်ထောင်သက်ကလည်း၂၀ကေျာ်ပြီဆိုတော့
..ကျေးဇူးတွေဘာတွေမလိုပါဘူး""ဟုတ်ပါပြီ...."
"ဒါနဲ့မောင်ရေချိုးမလို့မှတ်လား..ချိုးလေ"
"ပြီးမှပဲချိုးတော့မယ်..ကိုယ်အလုပ်တွေမပြီးသေးလို့"
"ဟုတ်ပြီ..မောင်ဒီအိတ်မှတ်လား"
အခန်းထောင့်တွင်ထောင်ထားတဲ့ Luggageအညိုရောင်လေးကိုလက်ညှိုးထိုးပြကာမေးလာတော့
"ဟုတ်တယ်.."
Taehyungကအတည်ပြုပေးလိုက်တာကြောင့်အိတ်ကိုအဝတ်ဗီရိုနားယူသွားပြီး
"မောင်သွားမဲ့နေရာကအေးလား.."
"အနည်းငယ်ပဲထင်တယ်..ညဘက်လောက်ပဲ"
"ဒါဆို..ဘိုဟီးလက်ရှည်တစ်ထည်နှစ်ထည်ပဲထည့်ပေးတော့မယ်..မောင်ဟိုမှာအကြာကြီးမနေဘူးမှတ်လား"
"အွန်း.."
"ဘိုဟီးမောင်ဝတ်နေကြရှပ်လေးတွေထည့်ပေးလိုက်မယ်နော်..အရေးကြီးဧည့်သည်နဲ့တွေ့ဖို့လိုသေးလား"
"တွေ့ရမှာ..ဆောက်လုပ်ရေးပစ္စည်းတွေကိုရောင်းချပေးတဲ့လုပ်ငန်းရှင်နဲ့စကားပြောရမှာ"
"ဒါဆိုအင်္ကျီကိုသပ်သပ်ရပ်ရပ်ဝတ်နော်မောင်..ဘိုဟီးအနောက်တိုင်းဝတ်စုံတွေထည့်ပေးဖို့လိုသေးလား"
"အွန်း..တစ်စုံနှစ်စုံလောက်ပဲ"
"ဟုတ်ပြီ..သွားတိုက်တံအသစ်ကရောမောင်..ဟိုးကစင်ပေါ်မှာ"
စာအုပ်တွေတင်ထားတဲ့စင်ရဲ့အပေါ်ဘက်ကိုညွှန်ပြသည်မို့။
"ဘိုဟီးခုံခဏယူမယ်.."
![](https://img.wattpad.com/cover/338790895-288-k783244.jpg)