အပိုင်း (1.2)

Magsimula sa umpisa
                                    

အဆုံးမှာတော့ သူက မြွေထောင်ပေါင်း များစွာရဲ့ ကိုက်စားခြင်းကို ခံရပြီးတော့ သေခဲ့လေတယ်။

အရိုးတောင် မကျန်ခဲ့ပေ။ သူ့ရဲ့ ဝိဉာဥ် ကလည်း ထိုမြွေထောင်ပေါင်းချီ တဲ့ ဂူထဲမှာ ထာဝရ အကျဥ်းချ ခံရပြီးတော့ သူက နေ့ရော ညပါ မြွေထောင်းပေါင်းချီ ထိတွေ့ဆက်ဆံ ခဲ့ရကာ အဆုံးသတ် က အလွန်းအမင်းကို ဆန်းကြယ် နေခဲ့လေတယ်။

စာအုပ်ထဲက စုယွမ်ရဲ့ ကံကြမ္မာကို တွေးမိတဲ့ အခါ စုယွမ်က မနေနိုင်တော့ပဲ သူ့ရဲ့ ကိုယ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထား မိလေတယ်။

ကောလဟာလ တွေအရ ထိုလူက ရုပ်ဆိုး ၊ လှည့်ဖျား ပြီး လူသား အစိမ်းလိုက် စားတဲ့ အေးစက်တဲ့ မြွေမကောင်းဆိုးဝါး ကြီးတဲ့။

စုယွမ် က သတို့သမီးဝေါယာဥ် ပေါ်မှာ ထိုင်နေရင်းနဲ့ ကို တုန်ရီ နေခဲ့လေတယ်။

ဘုရားရေ ..... သူအကြောက်ဆုံး က မြွေတွေ ပဲလို့။

မေမေရေ ဒီနေရာကြီးက အရမ်းကို ကြောက်ဖို့ ကောင်းတယ်ဗျာ။

သား လေ အိမ်ကို ပဲ ပြန်ချင်တယ်လို့။

နှလုံးသားလေး တုန်နေတဲ့ အချိန်မှာပဲ သူ့ရှေ့ကလိုက်ကာက ပွင့်သွားကာ လှပတဲ့ ပုံရိပ်တစ်ခုက သတို့သမီး ဝေါယာဥ်ထဲကို ဝင်လာခဲ့တယ်။

အဲ့တာက လှပ ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပြီးတော့ အပြာရောင် ဝတ်စုံလေး ကို ဝတ်ထားကာ သနားစရာကောင်း လှပတဲ့ မျက်နှာလေး ရှိလေတယ်။

အဲ့တာက သူ့ဘက်ကနေ ပါလာတဲ့ သတို့သမီးခန်းဝင် အစေခံ ဖြစ်တဲ့ ရွှီးဟယ် ပဲ ဖြစ်လေတယ်။ အဲ့ကောင်မလေး က ကြီးမြတ်တဲ့ စောင့်ရှောက်သူနဲ့ အရမ်းကို ချစ်ကျွမ်းဝင် သွားကြမှာ ဖြစ်ပြီးတော့ ငွေရောင်​မြွေ မျိုးနွယ် တစ်ခုလုံးက အမျိုးသမီး တွေကို အချစ်နဲ့လွှမ်းမိုး နိုင်သွားမယ့် သူပဲ ဖြစ်လေတယ်။

ရွှီးဟယ်က သတို့သမီးဝေါယာဥ် ထဲကို ဝင်လာကာ စုယွမ်ဘေးမှာ ဝင်ထိုင်လိုက်ပြီးတော့ ငြင်သာ သိမ်မွေ့စွာ ပြောလေတယ်။

'' သခင်မလေး ၊ ငွေရောင်မြွေမျိုးနွယ် ကို ကျွန်မတို့ နောက် နာရီဝက်လောက် နေရင် ရောက်ပါတော့မယ်။ မကြောက်လန့်နေပါနဲ့။ ရွှီးဟယ် က သခင်မလေး နဲ့ အတူ အမြဲ ရှိနေမှာပါ ''

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Tahanan ng mga kuwento. Tumuklas ngayon