"ဒါ​ပေမယ့် ညစာ အရင်စားရမယ်"

ညစာစားပြီးနောက် စုလင်း ဒါရိုက်တာဝမ် ထံမှ မက်ဆေ့ချ်တစ်​စောင်ကို လက်ခံရရှိခဲ့ပြီး  သိပ္ပံပရိုဂရမ်၏ အစီအစဉ်ဇယားဖြစ်သည်။ စုလင်း မတ်​ဆေ့ချ်ကို ဖတ်ပြီး​နောက် ပြန်​ပြောလိုက်သည်။

"ရှန်းမိုယွီက အခု အာဟာရ​ပျော်ရည်တွေပဲ သောက်တယ်။ ဝက်ဘ်ဆိုက်မှာကျ အမဲလိုက်ပြဖို့က သိပ်မသင့်တော်ဘူး။ အဲဒါကိုမှ ပရိသတ်​တွေကို မိတ်ဆက်ပေးချင်ရင်​တော့ စိတ်ဝိညာဉ်ပင်ဆိုင်ရာမှတ်ပုံတင်အသင်းမှာ အမဲလိုက်တာနဲ့ ဆက်စပ်တဲ့ဗီဒီယိုတွေ ရှိတယ်။"

သိပ္ပံပရိုဂရမ်ကို အစီအစဥ်တစ်​လျှောက်လုံးတိုက်ရိုက်ထုတ်လွှင့်မှာဖြစ်သည်။ အပြန်အလှန်​မေးမြန်း​​ဖြေဆိုသည့် ဆွေးနွေးပွဲအချို့လည်းရှိမည်ဖြစ်ပြီး ပရိသတ်အများစုက ကျောင်းသားများ ဖြစ်ကြသည်။ ထို့အပြင် ဒီတစ်ကြိမ်တွင် စိတ်ဝိညာဥ်ပင်များလည်း ပါဝင်မည်ဖြစ်တာ​ကြောင့် Omega ပရိသတ်များစွာ​ရှိ​နေမှာ ​သေ​ချာ​ပေါက်ပင်။ ထို့ကြောင့် အမဲလိုက်သည့် လုပ်ငန်းစဉ်ကို သရုပ်ပြခဲ့လျှင် လူများစွာ ထိတ်လန့်​ကြောက်ရွံ့သွားနိုင်ဖွယ်ရာရှိသည်။

ဒါရိုက်တာဝမ် : "ကျွန်တော် အသင်းအဖွဲ့နဲ့ အရင် ဆက်သွယ်လိုက်ပါ့မယ်၊ ပြီးရင် ညှိနှိုင်းမှုတစ်ချို့လုပ်ပြီး နောက်မှ ပြန်ဆက်သွယ်လိုက်ပါ့မယ်။"

စုလင်း: "​ကောင်းပါပြီ"

ဖုန်း​ပြောပြီးတဲ့နောက် စုလင်းဟာ ကုလီဟန်ရဲ့လက်ကို တွဲကာ ​နောက်​ဖေးခြံထဲသို့ အသစ်ဝယ်ယူထားခဲ့​သော စိတ်ဝိညာဥ်ပင်များကို သွားကြည့်ခဲ့​သေးသည်။ ထို့နောက်မှာ​တော့ ကုလီဟန်က Gym အခန်းကို သွားကာ ​လေ့ကျင့်ခန်းလုပ်သည်။ စုလင်း သူ့ရဲ့ Pheromone အနံ့က နတ်ဘုရားရဲ့ အာရုံစူးစိုက်မှုကို အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် Gymခန်းကို မလိုက်ဘဲ အိမ်အတွင်းမှာပဲ အနည်းငယ် ခပ်ဖွဖွ​ အ​ပြေး​လေ့ကျင့်ခန်းလုပ်လိုက်သည်။ နာရီဝက်အကြာတွင် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ pheromoneရနံ့က ပြင်းထန်လာသည်။ စုလင်း နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ဧည့်ခန်းထဲမှဖြတ်ကာ ဧည့်သည်အခန်းဆီသို့ ရေသွားချိုးရန် လျှောက်လာခဲ့သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora