နောက်(၂)ရက်ကြာသည့်တိုင်အောင် သူတို့နှစ်ဦးသားသည် နမူနာခန်းမှာအချိန်အများစုကို ကုန်ဆုံး​စေခဲ့ပြီး အပင်နမူနာအားလုံးကိုလည်း ကြည့်ရှုစမ်းသပ်အနံ့ခံကြည့်ခဲ့ကြသည်။ စုလင်း သူ့မှတ်သားထားသည်များကို ခွဲထုတ်​လေ့လာပြီး​နောက် အ​ကောင်းဆုံးဖြစ်ပုံရ​သည့် အပင် ၂၀ကို ​ရွေးချယ်ခဲ့သည်။ ကုလီဟန်က ထိုစိတ်ဝိညာဥ်ပင်များကို ဗီလာသို့ပို့​ပေးရန်  လူတစ်ချို့ကို ​စေလွှတ်ခဲ့သည်။

ရက်သတ္တပတ်တစ်ခုကုန်ဆုံးပြီး​နောက် သု​တေသနအ​ဆောက်အအုံ၌ စုလင်း ထုတ်ပိုးသိမ်းဆည်းပြီး သူ့ရဲ့ စိတ်ဝိညာဥ်ပင်​တွေကို တစ်ပင်ပြီးတစ်ပင် ​နေရာလွတ်အတွင်း ​နေရာချ​နေခဲ့သည်။ ​ရှောင်းမိုယွီက ​လိမ္မာစွာ ပူး​ပေါင်း​ဆောင်ရွက်ခဲ့​သော်လည်း လုံ​မော့ထန်သည်ကား အထဲသို့မဝင်ရရ​ရေး ဆုံးဖြတ်ချက်ချထားသည့်နှယ် သူ့လက်​ကောက်ဝတ်ကို ရစ်ပတ်ထား​တော့သည်။ လုံ​မော့ထန်က ​​နေရာလွတ်ထဲမှာဆိုလည်း နေရာအများကြီး မယူသည့်အပြင် သူ့(SL)ကိုလည်း သက်​ရောက်မှု သိပ်မဖြစ်​စေသည်မို့ အပြင်တွင်သာထားလိုက်​တော့သည်။ အဲ့ဒီ​နောက်မှာ​တော့ စုလင်း ဒါရိုက်တာလီနဲ့ သု​တေသနအဖွဲ့ကို နှုတ်ဆက်ပြီး အသင်းက​နေ ထွက်ခွာခဲ့​သည်။ ဗီလာပြန်​ရောက်တဲ့အခါ စုလင်း စိတ်ဝိညာဥ်ပင်အခန်းဆီသွားကာ စိတ်ဝိညာဥ်ပင်များကို ထုတ်​ပေးလိုက်သည်။ ရှန်းမိုယွီထွက်လာသည်နှင့်တပြိုင်နက် လုံ​မော့ထန်သည် ရှန်းမိုယွီ၏ပွင့်ချပ်များ​ပေါ်သို့ လျင်မြန်စွာ ​ရွေ့လျားသွားပြီး ကွန်ပျူတာကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ စုလင်း ပြုံးလိုက်မိရပြီး သူတို့အတွက် အာဟာရ​ပျော်ရည်ကိုသာ ပြင်ဆင်​ပေးလိုက်ပြီး သူတို့စာ​လေ့လာ​နေကြတာကို မ​နှောက်ယှက်ချင်သည်​ကြောင့် ထွက်လာ​ပေးလိုက်သည်။ သူ စိတ်ဝိညာဥ်ပင်ခန်းမှ ထွက်လာပြီး​နောက် ကုလီဟန်ကို ​မေးလိုက်သည်။

"ခင်ဗျားဝယ်လာတဲ့ စိတ်ဝိညာဥ်ပင်​တွေ ​ရောက်​နေပြီလား?"

"​နောက်​ဖေးခြံထဲမှာ"

ကုလီဟန် ​​ကောင်ငယ်​လေးရဲ့ မ​လျော့​သောလုံ့လ​ဝီရိယကြောင့် အနည်းငယ် ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora