အရုဏလက်များ ပိုမိုတုန်ရီလာသည်။

သူ​၏ကြောက်ရွံ့ခြင်းများပိုမို၍ ပြည့်ကျပ်လာကာ ရင်ဘတ်ထဲမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးတဆစ်ဆစ်နှင့်နာကျင်လာသည်။ နှလုံးသားရှိရာ နေရာတစ်ခုလုံး အလွန်အမင်းတင်းကျပ်လာသည်။

သူယုံကြည်သည်။

သူ့ ယုဂန် သေဆုံးမည် မဟုတ်ချေ။

သူ ယုဂန်​၏ဘယ်ဘက်ရင်အုံအပေါ် လက်တင်ကာ အစွမ်းအချို့ကို အသုံးပြုလိုက်သည်။ ယုဂန်​၏သွေးကြောထဲ စီးဝင်နေသော အဆိပ်တို့ကို ဖယ်ရှားပြီး ယုဂန်​၏နှလုံးပြန်ခုန်လာအောင် သူအလျင်အမြန် လုပ်ဆောင်ရမည်။

ယုဂန်ကို ခေတ္တမျှအသက်ထိန်းပြီးသည်နှင့် သမားတော်ဆီ အမြန်ခေါ်ဆောင်သွားရမည်။

ယခုအချိန်တွင် သူ့အတွေးထဲ၌ စစ်ပွဲသော ဘာသော ရှိမနေတော့ချေ။ 

အဏ္ဏ၊ စုန်းထီးနှင့် မင်းယောဇာတို့အဖွဲ့တိုက်ခိုက်နေသော အသံများက သူ့အတွက်မရေးမပါတော့ပေ။ အချိန်တစ်ခုကြာပြီးသည့်နောက် မင်းယောဇာနှင့်တကွ မျက်တစ်လုံးရှင်တို့ လွတ်မြောက်ထွက်ပြေးသွားသည်ကိုလည်း  သူဂရုမစိုက်နိုင်ပေ။

သူ​၏မျက်လုံးထဲတွင် ယုဂန်သာရှိနေသည်။

သူ​၏ယုဂန်ကလွဲပြီး မည်သည့်အရာကိုမျှ သူ,ဂရုစိုက်နိုင်မည်မဟုတ်ချေ။ စစ်ပွဲ​၏ နိုင်ရေးရှုံးရေး မည်သို့ပင်ဖြစ်ဖြစ်၊ သူလျစ်လျူရှုလိုက်မည်ဖြစ်သည်။

ရုတ်တရက်....

ဝုန်း!

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ မိမိတို့ခေါင်းပေါ်ရှိ မဟာမြေထုကြီးမှာ လေပေါ်သို့ မြောက်တက်သွားသည်။

အရုဏသည် ယုဂန်ကို ရင်ခွင်ထဲထွေးပွေ့လိုက်ရင်း အပေါ်သို့ မော့ကြည့်လိုက်သည်။

အပေါ်တွင် သူ​၏ခေါင်းပေါ်ရှိ မြေထုကြီးမှာ အပေါက်ဖြစ်သွားပြီး အပေါက်မှတစ်ဆင့် ကောင်းကင်ထိတိုင်အောင် ရှင်းရှင်းလင်းလင်းမြင်နေရသည်။

မြေထက်တွင်မူ ထည်ဝါသော၊ လှပသော၊ ဆန်းပြားသော ဝတ်စားဆင်ယင်မှုများရှိသည့် နတ်သား သုံးဦးနှင့် မြေပေါ်တွင်မတ်တပ်ရပ်ကာ အပေါက်ထဲသို့ ငုံ့ကြည့်နေသော လူတစ်ဦးကို တွေ့မြင်ရလေသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now