13 end U/Z

4.6K 59 2
                                    

"မင်းဉာဏ်သာ နင်အဲ့နေရာမှာ ဘာလုပ်နေတာလဲ"

မနက်လေးနာရီ အိပ်ရာက နိုးသည့်အချိန်တွင် ဉာဏ်သာကို အိမ်ရှေ့ သစ်ပင်အောက်တွင် ငူငူကြီး ထိုင်နေသည့်ကို တွေ့လိုက်ရလေသည်။

"မင်းဉာဏ်သာ"

သူမ မင်းဉာဏ်သာ ပခုံးကို အသာလှုပ်ယမ်းခေါ်လိုက်သော်လည်း မင်းဉာဏ်သာသည် သူမကိုပင် လှည့်မကြည့်ဘဲ

"အစ်မ ကျွန်တော်ကို အရမ်းမုန်းနေတာလား ဟင်"

သူသည် ခံစားချက်မဲ့နေသူ တစ်ဦးကဲ့သို့ ထိုမေးခွန်းအား သူမကို မေးမိလိုက်သည်။ ထို့နောက် သူမ၏ အဖြေစကားကိုပင် မစောင့်တော့ဘဲ စကားဆက်လာ၏။

"ကျွန်တော်ရဲ့ အချစ်ဦးက ဝါဆို ဆိုတာ မှန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အစ်မကို ရင်ခုန်သံတွေရဲ့ စေစားရာအတိုင်း ချစ်မိသွားတယ်။ ချစ်မိသွားတာမှ ရူးရူးမူးမူးပါ။ ဒါကို အစ်မ သိမှာ မဟုတ်သလို ယုံမှာလဲ မဟုတ်ပါဘူး။ အစ်မကတော့ ထင်မှာပေါ့။ ဒီကောင်ရူးကြောင်ကြောင်နိုင်ပြီး ပြောချင်ရာ ပြောနေတယ်လို့လေ။ ဒါပေမဲ့ ဒီကောင်ရင်ထဲက အချစ်တွေကိုတော့ အစ်မ မြင်အောင်မကြည့်တတ်ခဲ့ပါဘူး"

စကားကို တစ်ထောက်နားပြီး သူ သက်ပြင်းကို ခပ်ဖွဖွရှိုက်ကာ စကားဆက်လာ၏။

"ကျွန်တော် ပြန်သွားတဲ့ အပေါ်မှာ အစ်မ စိတ်နာသွားမယ်ဆိုတာ ကျွန်တော် နားလည်သလို သိလည်း သိနေခဲ့တယ်။ အစ်မကို ကျွန်တော် ဖွင့်မပြောခဲ့တာ အစ်မစိတ်နာစရာဖြစ်သွားခဲ့မယ် ဆိုတာ  ကျွန်တော် ကြိုမတွက်ခဲ့မိတာပါ။ အမှန်က ကျွန်တော် အစ်မဆီက ပြန်သွားပြီး မေမေကို အစ်မနဲ့ တရားဝင်လက်တွဲခွင့် ရဖို့ ပြောခဲ့ပါတယ်။ ချိုသဲနဲ့ လက်ထပ်ပွဲကို အတိအလင်း ဖျက်သိမ်းခဲ့ပြီး မေမေနဲ့ အစ်မဆီပြန်ခဲ့ဖို့ စီစဥ်နေချိန်မှာ မေမေရဲ့ နှလုံးရောဂါ ပြန်ဖြစ်လာခဲ့တယ်။ နောက်ဆုံး မေမေကို လက်လွှတ်လိုက်ရတဲ့ အနေအထားဖြစ်သွားခဲ့တယ်။ မေမေက နှလုံး အစားထိုးကုရမယ်တဲ့။ ဒီအချိန်မှာ ရူးမတက်ဖြစ်ခဲ့ရတယ်။ တစ်ဖက်က အစိမဆီကို အပြေးပြန်လာချင်ခဲ့တဲ့ စိတ်။ တစ်ဖက်က ကျွန်တော်ကို ငယ်ငယ်ထဲက အကောင်းဆုံး ပျိုးထောင်ခဲ့တဲ့ မေမေ။ ကျွန်တော်စိတ်တွေ အများကြီး လွန်ဆွဲနေခဲ့ရတယ်။ နောက်ဆုံး အစ်မဆီ ပြန်လာဖို့ထက် ရင်နာနာနဲ့ မေမေ အသက်ရှင်ဖို့ အတွက်ကိုသာ ရွေးချယ်ခဲ့မိတယ်။ စင်္ကာပူမှာ မေမေကို အ​ကောင်းဆုံး ခွဲစိတ်နိုင်ခဲ့ပေမဲ့ မေမေဟာ ကိုမာဝင်သွားခဲ့တယ်။ ကျွန်တော် အစ်မကို တစ်နေ့မှ မေ့မရခဲ့တာတော့ ယုံကြည်ပေးပါ။ ကျွန်တော် အစ်မကို ချစ်တယ်။ ချစ်လို့လဲ ပြန်ရောက်ချင်း အစ်မဆီလာခဲ့တာပါ"

ရင်ခုန်တာအချစ်လားWhere stories live. Discover now