6 U/Z

2.2K 57 0
                                    

မနက် ၄နာရီ အချိန် ဘုန်းကြီးကျောင်းဘက်က အုံးမောင်းခေါက်သံနှင့်အတူ စီရံ မျက်လုံးတွေ ပွင့်လာခဲ့လေသည်။

"ဟင်"

သူမ သေချာကြည့်မိမှ သူမ ခန္ဓာကိုယ်တစ်ခုလုံး မင်းဉာဏ်သာ ရင်ခွင်ထဲမှာ။

"အို ဘုရားရေ"

သူ့လက်က သူမကို သိုင်းဖက်ထားသည့် သူ့လက်တွေက သူမ ခန္ဓာကိုယ်လေး လှုပ်မရအောင်ပင်။

"မင်းဉာဏ်သာ မင်းဉာဏ်သာ နင်ထစမ်း"

ခပ်စူးစူးထွက်ပေါ်လာသော သူမ အသံကြောင့် ဉာဏ်သာ၏ နှိုးတစ်ဝက်အိမ်မက်ပင် ပျက်သွားကာ လန့်နိုးလာရလေသည်။

"ဟမ်"

"မဟမ်နဲ့ အခုထ၊ နင် နင် ငါ့ကို မဟုတ်တာ ဘာလုပ်လိုက်သေးလဲ"

"ဟောဗျာ"

အစ်မကြီးရဲ့ မေးခွန်းက သူ့မှာ ငိုရခက်။ ရယ်ရခက်ပင်။ တကယ်ပါ။ ကိုယ့်မှာ သူမကို ရင်ခွင်ထဲ ပွေ့ထားရုံက လွှဲပြီး ဘာဆို ဘာမှ မပါသည့် ကိစ္စ။ ရူးချင်ပါသည်။ ဒီအစ်မကြီးနဲ့တော့။

"ကျွန်တော် ဘာမှမလုပ်ဘူး၊ ဒီအတိုင်းပဲဖက်ထားတာ"

"ဟုတ် ဟုတ်လို့လား"

မယုံတစ်ဝက် ယုံတစ်ဝက်နှင့် မေးလာသော သူမကြောင့် သူ့ရယ်လိုက်ပြီး

"တကယ်ပြောတာ မယုံတာတော့ မတက်နိုင်ဘူး"

"အဲ့ဒါဆိုလည်း ပြီးရော"

"ဟော့ အဲ့ဒါ ဘယ်သွားမှာလဲ"

"အို"

သူ့ အနားက ထထွက်သွားမည် ပြင်သော အစ်မကြီးကို ဉာဏ်သာ လှမ်းဆွဲလိုက်တော့ သူမ ခန္ဓာကိုယ်လေး သူရင်ခွင်ထဲ ရောက်လာရလေသည်။ နီရဲရဲ နှုတ်ခမ်းနှစ်လွှာကို သူ့ မက်မောစွာ နမ်းလိုက်ပြီး

"အစ်မ နှုတ်ခမ်းတွေက သိပ့်ကိုချိုတယ်"

"အို"

နဂိုကတည်းက အရှက်သည်းနေရသော စီရံမျက်နှာပေါ်တွင်တော့ ရေနွေးပူနှင့် ဖြန်းပတ်ထားသည့် အလား နီရဲလျှက်ပင်။
                          ☔☔☔

ဝါဆို ဘဝမှာ အိမ်ထောင်ပျက် တစ်ခုလပ်ဆိုသော အမည်ဆိုး တစ်ခုကြောင့် ပတ်ဝန်းကျင်က အထင်သေးအမြင်သေးကြသလို အခုလည်း ဉာဏ်သာလို အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်နှင့် ပတ်သတ်နေသည့်ကို ပတ်ဝန်းကျင်က နှာခေါင်းရှုံ့နေကြသည့်ကတော့ အထူးအဆန်းမဟုတ်တော့ပေ။ အမှန်တော့ သူမ အမှန်တကယ် ချစ်ခင်မြတ်နိုးခဲ့ရသော ယောကျာ်းသည့် မင်းဉာဏ်သာ ပင် မဟုတ်လား။ သူ့ အိမ်ထောင်ကျသွားပြီ ဟူသော အဖြစ်ကို သူမ လုံးမ လက်မခံနိုင်တာက လွှဲ၍  သူ့တို့ အိမ်ထောင်ရေး ပျက်စီးအောင် နှောက်ယှက်ဖို့ အထိတော့ သူမ စိတ်ကူး မရှိခဲ့ပေ။

ရင်ခုန်တာအချစ်လားWhere stories live. Discover now